အပိုင်း (25.2)

860 172 1
                                    

(25.2)

လူတိုင်း က တစ်နေ့လည် ခင်းလုံး ဆာလောင် နေကြ ရတာ ပဲ ဖြစ်လေတယ်။ ပြီးတော့ သူတို့လည်း ဂူကို ပြန်ရောက်တော့ ကျန်နေ ခဲ့တဲ့ အမျိုးသမီး တွေက သူတို့အတွက် နွေးထွေးတဲ့ အစားအစာတွေ ထုတ်ပေးလာကြ လေတယ်။

တစ်နေ့လည် ခင်းလုံး အလုပ်များ ပင်ပန်း ပြီးတဲ့ နောက်မှာ ကျောက်ချင် က တကယ်ကြီး ကိုပဲ ဗိုက်ဆာ နေခဲ့ ပြီ ဖြစ်လေတယ်။ အမျိုးသမီး တွေက သူတို့ စားဖို့ အတွက် အထူးတလည် ဆိတ်သား တွေကိုတောင် ပြင်ဆင် ပေးထားလေတယ်။

ညစာ စား ပြီးတဲ့နောက် ကျောက်ချင် က သူတို့ ဝယ်လာ သမျှ ပစ္စည်းတွေ ကို လူတိုင်းဆီ ဖြန့်ဝေ ပေးလေတယ်။

'' စောင် တစ်ထည် က မိသားစု ထဲက လူနှစ်ယောက် တစ်ခု ဆီ ရမယ်။ လာပြီးတော့ အတူတူ ခြုံမယ့် သူတွေ လာယူပါ ''

'' ရေနံဆီ မီးအိမ် ကတော့ မိသားစု တစ်ခု ကို တစ်ခု ရပါမယ်။  ချုပ်လုပ်ဖို့ ပိတ်စ တွေနဲ့ အပ်ချည် တွေကတော့ မိသားစု ထဲက လူဦးရေ ပေါ်ကို မူတည်ပြီးတော့ ခွဲပေး မှာပါ ။ ဘာပဲ ဖြစ်ဖြစ် လူတိုင်း အဝတ်သစ် တစ်စုံဆီ ရမယ်။ အဲ့တာ တွေကို အဒေါ်တွေ လက်ထဲ အပ်ပြီးတော့ ချုပ်ခိုင်း ကြပါ။ ငါလည်း အဝတ်လဲ ပြီးတော့ မနက်ဖြန် အဝတ်သစ် လုပ်ခိုင်းမှာ။ ငါက အသင့်ဝတ် အဝတ်အစား တွေ မဝယ်ခဲ့ဘူး။ ကိုယ်တိုင် အဝတ်လုပ်တာ က ပိုပြီးတော့ စျေးသက်သာတယ်လေ။ ''

'' ကျန်တဲ့ ပစ္စည်းတွေ ကတော့ ဓားတိုတွေ ၊ တူတွေ နဲ့ ပေါက်ပြား တွေပဲ ။ ငါက အခြေခံ လူသုံးကုန် တွေကိုပဲ ဝယ်လာခဲ့တာ။ အဲ့တာ တွေကို ငါ က မိသားစု တစ်ခုစီ တိုင်းကို ဖြန့်ဝေ ပေးမှာ မဟုတ်ဘူး ။ အဲ့တာ တွေကို အတူတကွ သုံးဖို့ ' ဘုံ ' ပစ္စည်း အဖြစ် သတ်မှတ်မယ်။ ပြီးတော့ ဒီနေရာမှာ အစားအစာ တွေလည်း ရှိနေ သေးတယ်။ ဆန် ၊ခေါက်ဆွဲ နဲ့ အသီးအရွက် တွေကလည်း အတူတူ ထားရမှာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့တာ တွေကို အတူတူ ချက် ပြီးတော့ နေ့တိုင်းပဲ အတူတူ စားကြ ရမှာပဲလေ။ ''

ကျောက်ချင် က ပစ္စည်းတွေ ကို ခွဲခြားပြီးတဲ့နောက် သူက စာရင်းကိုင် ကို အားလုံးရဲ့ စုစုပေါင်း ကုန်ကျ ငွေကို တွက်ချက် ခိုင်းပြီး တော့ လူတိုင်း ကို ပြောပြ ခိုင်းလေတယ်။

တံငါသည် (BL) Where stories live. Discover now