အပိုင်း (24.6)

1.2K 193 4
                                    

(24.6)

'' ငါတို့တော့ ငွေပြတ်သွားပြီ ''

အမျိုးသမီး က ပြောလိုက်တယ်။

ကျောက်ချင် က သူသယ်လာတဲ့ ပစ္စည်းတွေ ကို ချ လိုက်တယ်။ ပြီးတော့ သူသယ်ဆောင်လာတဲ့ ထဲက တစ်စုံတစ်ခု ကိုထုတ် လိုက်ပြီးတော့ အဲ့ထဲကနေ ငွေ၂ တုံး နဲ့ ကြေးပြား အနည်းငယ် တို့ကို ထုတ်လိုက်လေတယ်။

'' ငါတို့မှာ ငွေ တစ်ချို့  ရှိနေသေးတယ်။ ငါတို့ကို သယ်ပို့ပေးမယ့် နွားလှည်း သမား ကို ရှာကြ ရအောင်။ ပစ္စည်းတွေ က အရမ်း များလွန်းတာကြောင့် ငါတို့ချည်းပဲ ပြန်သယ်သွားရင် အဆင်ပြေမနေဘူး။ ဒါကို ယူလိုက်ပါ။ မနည်းပါဘူး ''

'' ကောင်းပြီ ''

ကျောက်ချင် က လှည်းသမား ကို ရှာဖို့ သွားပြီးတော့ နှစ်ယောက် သားစျေးညှိနှိုင်းခဲ့ ကာ လူနည်းနည်းနဲ့ ထွက်ဖို့ တစ်ယောက်ကို ၁၀ ပြားဆီ ပေးလိုက် ရတယ်လေ။ သူက အဲ့တာကို ပေးချေ လိုက် ပြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ ကို အဲ့ပေါ်အကုန် တင်ကာ သူတို့တွေက လှည်းပေါ်ကို တက်လိုက် ကြတော့လေတယ်။

လှည်းပေါ်က ပစ္စည်းတွေ ကိုတွေ့တော့ အမျိုးသမီး က ပြုံးကာ ပြောလိုက်တယ်။

''ငါဆို နှစ်ကူး အတွက် တောင်မှ ဒီလောက် များတဲ့ ပစ္စည်းတွေ တစ်ခါမှ မဝယ်ဘူးဘူး။ ''

'' ငါတို့က နှစ်သစ်ကူး ပစ္စည်းတွေ ဝယ်ဖို့ ထွက်လာတာ နဲ့ တူမနေဘူးလား''

ဟော်ဆန်းအာ က သူ့ရဲ့ နဖူးပေါ် က ချွေးတွေကို သုတ်လိုက် ပြီးတော့ ထိုအမျိုးသမီးနောက်က နေ သံယောင်လိုက်ကာ မေးလိုက်လေတယ်။

ကျောက်ချင် ကတော့ စာရင်းကိုင် ကို သူဘယ် ပစ္စည်း ပေါ်မှာ ဘယ်လောက် သုံးခဲ့တယ် ဆိုတာ ကို ရှင်းပြ နေပြီးတော့ တစ်မျိုးပြီး တစ်မျိုး စာရွက်ပေါ်မှာ စာရင်း မှတ်သားနေစေ လေတယ်။ ဒါမှသာ သူ အဲ့ကို ပြန်ရောက်တဲ့ အခါ လူတိုင်းနဲ့ ငွေကြေး ကိစ္စတွေ ရှင်းလင်း နေမှာ ပဲ ဖြစ်လေတယ်။

ဆောင်းရာသီ က နေ့တာ တိုပါတယ်။ သူတို့က လှည်းဆရာကို လမ်းမှာ မြန်မြန်လေး မောင်းပေးဖို့ နိုးဆော် ခဲ့ပေမယ့် သူတို့ လှေနဲ့ သိပ်မကွာတော့ တဲ့ နေရာ အရောက်မှာတော့ ကောင်းကင် ကြီး က အတော် မှောင်နေ ပြီပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now