အပိုင်း (36.2)

567 99 0
                                    

(36.2)

အတွေးလေး နဲ့  ပျော်ရွှင် နေချိန် အတောအတွင်း မှာပဲ နွေဦး မိုးလေ ပြေ လေး တိုက်ခတ် လာတာ ကြောင့် ကျောက်ချင် တစ်ယောက် တိုက်ဆိုင်စွာ ပဲ မိုးကြိုးပစ် သလိုအသံ ကြီးနဲ့  နှာချေ မိလိုက် လေတယ်။

ကျိုးကောအာ က ဂူထဲ ကနေ အခုလေးတင် သယ်ထုတ် လာခဲ့တဲ့ အိပ်ယာနဲ့ စောင်တွေကို အိပ်ခန်း ထဲဆီ သွားချ နေ ခဲ့တာ ပဲ ဖြစ်လေတယ်။ ကျောက်ချင် ရဲ့ နှာချေ သံကို ကြားတော့ အိပ်ခန်း ထဲ ကနေ အမြန်ပဲ ထွက်ပေါ် လာခဲ့ လေတယ်။

'' အကိုကျောက် ခများ အဖျားဝင် နေပြီ တော့ မဟုတ်ဘူး မလား? ''

အိမ်တွေကို ဆောက်နေ တဲ့ အချိန် တုံး က ကျောက်ချင် တို့ အမျိုးသား တွေဟာ အလုပ်လုပ်နေ ရတဲ့ အတွက် အဝတ်အစားတွေ အများကြီး ထပ်မဝတ် ထားကြ ပါပေ။ ပြီးတော့ အလုပ်လုပ်ချိန် မှာလဲ မိုးဖွဲတွေ ကျတဲ့ အချိန် ကျခဲ့ သေးတယ်လေ။

နွေရာသီ မှာ ရွာတဲ့ မိုးဖွဲ လေးတွေက သိပ်ပြီးတော့ မပြင်းထန် ပေမယ့် အရမ်း အေးစိမ့်လေတယ်။ ပြီးတော့ ည အချိန်မှာ လည်း လေတိုက်တဲ့ နေရာကျယ်မှာ စုအိပ် ရတဲ့ အတွက် သိပ်ပြီးတော့ မနွေးထွေး ပါပေ။

အခုတော့ အိမ်လေး တစ်အိမ် ရပြီ ဖြစ်တဲ့ အတွက်ကြောင့် တင်းထားအဲ့ အားတွေကို လျော့ချ ပြီးပြီ ပဲ ဖြစ်တယ်။ အဲ့အချိန်မှာ ကိုယ် ခန္ဓာ ပြဿနာ တွေက ပေါ်ပေါက် လာမှာ ကို သူစိုးရိမ် တာပဲ ဖြစ်လေတယ်။

ကျောက်ချင် က ထိုစကား ကို အလေး အနက်ကြီး မှတ်ယူ မထား ပါပေ။

'' ဘာလို့ လဲ? ''

'' အကို သေချာလေး ကိုယ့်ဘာကို ဂရုစိုက် ပြီးစစ်ဆေး ကြည့်အုံး။ ကျွန်တော် မီးသွားမွှေး လိုက် အုံးမယ်။ ''

ကျောက်ချင် က ကောင်လေး ကို တားလို ပေမယ့် ကောင်ငယ် လေး က တော့ ပြေးသွားတာ အရမ်းကို မြန်လေတယ်။

ကျောက်ချင် က လက်ကို မြှောက်လိုက် ပေမယ့် ကောင်လေး ကိုတော့ မတား လိုက် ပါပေ။

အဲ့အကြောင်းကို တွေးကြည့် ရ ရင် ကောင်ငယ်လေး က မီးသွားမွှေး တာ ကလည်း ကောင်းတဲ့ ကိစ္စ လို့တော့ သူတွေး မိလို့ပဲ ဖြစ်တယ်။ အိမ်အသစ်လေး ကို မီးခိုးမှိုင်း အနည်းငယ် လောက် အရင်တိုက်တာ က ပိုပြီးတော့ ပိုးမွှား ကပ်တာ ကို သက်သာ စေတယ်လေ။

တံငါသည် (BL) Where stories live. Discover now