အပိုင်း (14.1)

1.8K 299 3
                                    

( 14. 1)

ကျောက်ချင် နဲ့ ဟော်ဆန်းအာ တို့က မိုးရွာကြီး ထဲမှာ တောင်ရဲ့ တစ်ဝက်လောက် ထိ ဆင်းသွား ရဲတဲ့ သတ္တိ ရှိပေမယ့် သူတို့က တောင်အောက် ကိုတော့ ဆက်မဆင်း ကြတော့ပါပေ။

ပင်လယ်ရေ တွေက တောင်ပေါ် အထိ ကို ပျံနှံ တက်ရောက် လာကြတဲ့ အတွက်ကြောင့် တောင်ပေါ် က အပင်ပုလေး တွေ ဆိုရင် အခုချိန်မှာ ပင်လယ်ရေ အောက်ထဲ မြုပ် နေခဲ့ ပြီ ဖြစ်လေတယ်။

ကျောက်ချင် က တောင်အောက်ဘက် ဆီ အဝေး ကနေ လှမ်းကြည့်လိုက်တဲ့ အခါ ပင်လယ်ရေ တွေနဲ့ ပြည့်နေအောင် အဖုံးခံ ထားရတာ ကို တွေ့လိုက်ရ လေတယ်။

'' အခု ငါတို့ရွာသား တွေဆီ ပြန်ကြစို့။ ဒီအချိန်မှာ တောင်ပေါ် ကနေ ထွက်သွားလို့ မရသေးဘူး''

ဟော်ဆန်းအာ က ထပ်ပြောလိုက်တယ်။

'' ဒီတစ်ချိန် လှိုင်းကြီး တွေက အရင် ဆယ်နှစ် ကထက် ပိုပြီးတော့ ပြင်းထန်တယ်။ ရေ က အရမ်းကို မြင့်တက် လာပြီးတော့ ဘယ်အချိန်မှ ပြန် ကျမလဲ ဆိုတာ ငါလည်း မသိတော့ဘူး ''

'' ပင်လယ် ထဲကို ရေက ပြန်ကျ သွားမယ် ဆိုတာ က ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အခု သေချာတာ တစ်ခု ကတော့ ငါတို့က တောင်ပေါ် မှာပဲ ​ပိတ်မိ နေပြီကွ။ ''

ကျောက်ချင် က ခေါင်းဆောင်း ကော်က မိုးရေ တွေကို ထိလိုက်လေတယ်။

''ရှားယု ရွာ က ငါတို့ ရွာနဲ့ အနီးဆုံးပဲ။ သူတို့က ရှန်ယု ရွာ ဆီ လာတဲ့ အခါ ငါတို့က တောင်ပေါ်က ထွက်ဖို့ အတွက် သူတို့ဆီ ကနေ အကူအညီ တောင်းလို့ ရလောက်မလား? ''

ဟော်ဆန်းအာ က လက်ကို အမြန်ဝေ့ယမ်း လိုက်တယ်။

'' ငါတို့ရွာရဲ့ ဘေး က ရွာ က အကူအညီ ရဖို့ ကိုတော့ မင်း ဘယ်တော့မှ မျှော်လင့် လို့ မရဘူးကွ ''

'' ဘာလို့လဲ?''

သူတို့တွေက ရှန်ယု ရွာသားတွေ မဟုတ် ကြပေမယ့် ရွာချင်း ကပ်လျက် ပဲ ရှိကြတယ် မဟုတ်လား။ ဒါတောင် ဘာလို့ သူတို့က လူသားချင်း ကူညီ မှု မရှိရတာလဲ။

သူက တကယ် မသိတာ ကိုတွေ့တော့ ဟော်ဆန်းအာ က ရှက်ရွံ့ စွာနဲ့ ပြောလာတယ်။

တံငါသည် (BL) Where stories live. Discover now