အပိုင်း (33.1)

603 103 1
                                    

(33.1)

စျေးကနေ ပြန်လာတဲ့ လူတွေက နှစ်သစ်ကူး ပစ္စည်းတွေ အမြောက်အမြား ဝယ်လာ ခဲ့ ပြီးတော့ နှစ်သစ်ကူး အခါသမယ စားပွဲ ဝိုင်း အတွက် ဟင်းပွဲတွေ ပြင်ဆင် ဖို့ရာ ကြိုတင် ပြီးတော့ အလုပ်ရှုပ်နေ ကြလေတယ်။

သူတို့ရဲ့ လက်ရှိ အနေအထား က အနည်းငယ်တော့ ဆင်းရဲ နေပေမယ့် နှစ်ဟောင်း က ကုန်လွန် ပြီးတော့ နှစ်သစ် က ရောက်လာတော့ မယ် မဟုတ်ပါ လား။

ထိုနေ့ည ပျော်ပွဲရွှင်ပွဲ လုပ်နေ ချိန်မှာတော့ ဟော်လင်းလင်း တစ်ယောက် ဝမ်းနည်း မှုတွေ နဲ့သာ ပြည့်နှက် နေခဲ့ လေတယ်။

ကျောက်ချင် ဆီကနေ အငြင်းခံ ရပြီးတဲ့နောက် သူမ က ရက်အနည်းငယ်လောက် မျက်နှာ ထွက်မပြ ရဲတော့ ပါပေ။

ထိုရက်ပိုင်း မှာလည်း ရွာသား တွေ ခမျာ အရမ်းကို ပဲ အလုပ်တွေ ရှုပ်နေ ခဲ့လေတယ်။ ဟော်ဆန်းအာ ကလည်း သူ့ညီမ ရဲ့ ဝမ်းနည်းမှု ကို သတိ ထားမိ ပေမယ့် တစ်ခုခု မှားနေ သလို ခံစား ရလေတယ်။

အကြိမ်ပေါင်း များစွာ ချော့မော့ မေးပြီးတော့ မှ သူ့ညီမ ဆီကနေ သိချင်နေတဲ့ အဖြေ ကို သူ့ ညီမလေး က ​ပြောပြ လာခဲ့ လေတယ်။

နှစ်သစ်ကူး  ညကို ရောက်တဲ့ အချိန်မှာ တော့ တောင်ပေါ်မှာ နှင်းတွေ ကျဆင်း လို့ နေခဲ့ လေတယ်။ နှင်းပွင့်ဖက် ကြီးတွေ က မြေပေါ်ကို တစ်ခု ပြီး တစ်ခု ကျဆင်း လာခဲ့ လေတယ်။

ဂူထဲ က မီးဖို ကို အားကိုး ပြီးတော့ ထို နှင်းပွင့်ကြီး တွေရဲ့ အအေးဒဏ် ကို အံတု နေကြ ရလေတယ်။ ကလေး နှစ်ယောက် ကတော့ နှင်းတွေ ကို ကြည့်ဖို့ ပျော်ရွှင်စွာ နဲ့ အပြင်ကို ပြေးထွက် သွား ကြလေတယ်။

အဲ့ညမှာတော့ ခါတိုင်း ထက် ပိုကောင်းတဲ့ ဟင်းပွဲ တွေကို စားကြ လေတယ်။ ဝက်သား ပြုတ် ပြီးတဲ့ နောက်တော့ အဒေါ်တွေက က ကျိုးကောအာ ကို ဝက်သား တစ်ဖဲ့ကို ဟိုဘက်က ဂူထဲကို သွားပို့ ပေးဖို့ တောင်းဆို ခဲ့ ကြ လေတယ်။

အဲ့တာ က သေးငယ် ပေမယ့် ထိုဝက်သား တုံးကို အလွှာလိုက် လှီးစား ရင်တော့ ထိုဂူက လူတွေ အတွက် လောက်ငှ လေတယ်။

တံငါသည် (BL) Where stories live. Discover now