အပိုင်း (35.1)

623 97 0
                                    

(35.1)

နောက်တစ်ရက် မှာတော့ ကျောက်ချင်ရယ် ၊ ရွာလူကြီး ရယ်၊ ဖုန်းရွှေ( မြေအနေအထား)  နားလည်တဲ့ ရွာသား တစ်ချို့ရယ် တို့က ရွာတည်ဆောက်ဖို့ သင့်တော်လောက် မယ့် နေရာကို သွားပြီးတော့ ရှာဖွေ ကြလေတယ်။

ဆူနာမီလှိုင်းကြီး နှစ်ကြိမ် တွေ့ကြုံ ပြီးတဲ့နောက် သူတို့က သင်ခန်းစာ ရနေ ခဲ့ ပြီပဲ ဖြစ်လေတယ်။

လူတိုင်းက သူတို့ရဲ့ ရွာကို ပင်လယ်နားမှ ဆောက်မှ ဖြစ်မယ်လို့ မှတ်ယူထားတာ မျိုး မဟုတ်ခဲ့ပေ။ သူတို့ က တံခါးဖွင့်လိုက်တာ နဲ့ ကမ်းခြေ ကို သွားဖို့ အချိန်တစ်ချို့ မကြာပဲ ပင်လယ်ထဲ တန်းထွက် ဖို့ရာ အတွက်သာ ပင်လယ်နား ကို တည်ခဲ့တာ ပဲ ဖြစ်လေတယ်။

လူကြီးတွေ ပြောခဲ့တဲ့ ရှေးအဆိုအရ ဆိုရင် အိမ်တစ်လုံးကို ဆောက်တော့ မယ်ဆိုရင် အစိမ်းရောင် နဂါးကို ဘယ်ဘက် မှာထား၊ ကျားဖြူကို ညာဘက်မှာ ထားပြီး မီးငှက်ကို အရှေ့ နဲ့ လိပ်မဲကို အနောက်မှာ ထား ရတယ်တဲ့လေ။

( သိဝူး Eလို တိုက်ရိုက်ချတာ) 

နဂါးစိမ်းကို ရည်ညွှန်းတဲ့ တောင်တန်း တွေက ရှာတွေ့ ရတာ လွယ်ပါတယ်။ အဲ့နေရာမှာ ရေမရှားတာ ကြောင့် တောင်တန်း တွေကို နေရာအနှံ့ မှာတွေ့ နိုင်လေတယ်။

သူတို့ အခု ရှာရမယ့် နယ်မြေ က အနောက်မှာ လည်း တောင်တန်း အသွယ် ရှိရမှာ ဖြစ်ပြီး ဘေးနှစ်ဖက် မှာလည်း အကာအရံ ဖြစ်တဲ့ တောင်တန်း နှစ်ခု ကြားနေရာကို ရှာရမှာ ဖြစ်ပြီးတော့ အဲ့တာ ရဲ့ အရှေ့မှာ ရေကန် တို့ဘာတို့ ရှိနေ ဖို့လည်း လိုအပ်လေတယ်။

လူတိုင်း က တစ်ရက်လုံး လမ်းလျောက် ပြီးတော့ ပတ်ရှာ ခဲ့လေတယ်။ အခုက နွေဦးပေါက် နေပြီ ဆိုပေမယ့် ရာသီဥတုက အေးနေ သေးတဲ့ အတွက်ကြောင့် သူတို့ခမျာ အအေးဒဏ်ကြောင့်  လက်တွေကို သူတို့ရဲ့ လည်ပင်းနား မကပ်ထား ပဲ မနေနိုင် ပါပေ။

ဒါပေမယ့် လူတိုင်း က လမ်းပတ်လျောက် နေရတဲ့ အတွက်ကြောင့် စတင်ပြီးတော့ ပူလောင် လာခဲ့ လေတယ်။

ထိုနေ့ အဆုံးမှာတော့ သူတို့က သင့်တော် လောက်မယ့် နေရာတွေကို ရွေးချယ်ပြီးတော့ ဒီနေရာ ၊ ဟိုနေရာ စသည်ဖြင့် သတ်မှတ်ထား ခဲ့ လေတယ်။

တံငါသည် (BL) Where stories live. Discover now