အပိုင်း (13. 1)

1.5K 288 1
                                    

(13 .1)

'' အကိုကျောက် ၊ အကိုကျောက် ''

မူးဝေ နေစဥ်မှာ ပဲ ကျောင်ချင် က ကျိုးကောအာ ကို အသာလေး ခေါ်နေတဲ့ အသံကို ကြားလိုက်ရလေတယ်။

ကျောက်ချင် က မျက်မှောင်ကြုတ်ကာ မျက်လုံးတွေကို ဖွင့်လိုက်လေတယ်။ ကောင်းကင်ကြီးက တောက်ပ နေပြီးတော့ အပြင်ဘက်မှာတော့ မိုးရွာကျနေဆဲ ဖြစ်ကာ ကောင်းကင်ကြီး က မီးခိုးရောင် သန်းနေခဲ့လေတယ်။

ကျောက်ချင် နိုးလာပြီ ဆိုတာကို တွေ့တော့ ကျိုးကောအာ က သူ့ရဲ့ လက်ထဲက ပန်းကန်အထူလေးကို ကမ်းပေးလိုက်လေတယ်။

'' ရေတစ်ချို့ သောက်လိုက်အုံး ''

ကျေက်ချင် က သူ့ရဲ့ လည်ပင်း ဆီကို စိတ်ရောက် သွားလေတယ်။ လည်ပင်း က တစ်ကယ့်ကို ခြောက်သွေ့နေခဲ့လေတယ်။ သူက ရေခွက်ကို ယူကာ ပါးစပ်နဲ့ အပြည့် နှစ်ခါ တောင် သောက်လိုက် လေတယ်။

ရေသောက်ပြီးတဲ့နောက် သူက ဂူထဲက မြင်ကွင်းတွေကို သေချာ ရှင်းရှင်းလင်းလင်း မြင်ရလေတယ်။

ဂူထဲမှာ ဒယ်စောက်ကြီး တစ်ခု ရှိလေတယ်။ ရွာသား တွေက ဒီအချိန်မှာ ရိုးရှင်းတဲ့ မီးဖို တည်ဆောက် ပြီးတော့ ရေတွေကို ကျိုချက် နေကြလေတယ်။

ထိုနေရာမှာ မီးပုံ အသေးလေး လည်း ရှိနေပြီးတော့ လူတိုင်း က အဲ့နားကို ဝိုင်းရံနေကာ နွေးထွေးမှုနဲ့ အလင်းရောင် ကို ပေးစွမ်း နိုင်လေတယ်။

သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အမူအရာကို ​မြင်တော့ ကျိုးကောအာ က ရှင်းပြ လာလေတယ်။

''ဒါ က အရင် တုံးက ရွာလူကြီး နေခဲ့တဲ့ ဂူလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် လောက် ကလည်း အဲ့လို လှိုင်းကြီးဘူးတယ်။ ဒါကြောင့် ရွာသားတွေက ဒီ​နေရာ ဆီကို အိုးတွေနဲ့ ဒယ်စောက်တွေ လှူထား ကြတယ်လေ။ ဒါတွေက တကယ်ကို အသုံးဝင်လာခဲ့ တယ်လေ ''

ကျောက်ချင် က ခေါင်းငြိမ့်လိုက်တယ် ။ ကံကောင်းစွာနဲ့ ဒီနေရာမှာ ဒီပစ္စည်းတွေ ရှိနေလို့သာပေါ့ မဟုတ်လို့ ရှိရင် သူတိို့တော့ ရေပြဿနာနဲ့ ကြုံတွေ့ နေရအုံးမှာ။ ကျောက်ချင် က ထရပ်လိုက်ပြီးတော့ အပြင် က အခြေအနေကို သွားပြီးတော့ စစ်ဆေး လိုခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now