အပိုင်း (18. 2)

1.6K 258 5
                                    

(18. 2)

ဟော်ဆန်းအာ က စိတ်သက်သာ ရာ ရစွာ သက်ပြင်းချ လိုက် ပြီးတော့ သူက မြေပြင်ပေါ်မှာ လဲနေတဲ့ လူကို သနားညှာတာ စိတ် တစ်စက် ကလေးမှ မရှိပဲ နဲ့ ကြည့်လိုက် လေတယ် ။

ကျောက်ချင် က တကယ် ကို အလုပ်ကောင်းကောင်း လုပ်ခဲ့တာ ပဲလို့ သူက တွေးမိလေတယ်။ နောက်တော့ လူတိုင်းရဲ့ မျက်နှာ တွေကို လျစ်လျူ ရှု ပြီးတော့ သူတို့ရဲ့ အစာ တွေကို ဂူထဲ ကနေ ပြန်ယူ ကြလေတယ်။

ရွာလူကြီး က သက်ပြင်းချ ကာ ခေါင်းကို ခါလိုက် လေတယ်။

ဟော်ဆန်းအာ က ​ပြောလိုက်လေတယ်။

'' ရွာလူကြီး ကျုပ်တို့က ရွာသား တွေရဲ့ ခံစားချက် တွေကို တောင် နားလည် မပေးနိုင်ဘူး လို့ စကားတစ်ခွန်း တောင် မပြောလိုက် ပါနဲ့။ လူတိုင်းမှာ ခြေတွေနဲ့ လက်တွေ ပါတယ်လေ။ ပြီးတော့ ခများတို့ ဂူထဲမှာ လူက ပိုများပါတယ်။ တောင်ကြီး ကလည်း အရမ်းကျယ် ပါတယ်။ အသီးရိုင်း တွေ ကလည်း နေရာအနှံ့မှာ ရှိပါတယ်။  ခများတို့တွေက ဒီနှစ်ရက်မှာ အစာကို မြန်မြန် ကုန်အောင် ကျတော့ စားပြီးတော့ ကျုပ်တို့ ရဲ့ အစာ ကိုတော့ လာပြီးတော့ လုနေကြတယ်။ အဲ့တာတွေကို ခူးယူ ဖို့ ကျုပ်တို့က မိုးသည်းကြီး ထဲမှာ မနေ့က သွားခဲ့ ရတာ ပါ။ သူတို့က ကျုပ်တို့ အဲ့နေရာမှာ မရှိရင် အစာတွေကို လုယူ သွားရုံတင် မက ဘူး ကျိုးကောအာ ကိုပါ ရိုက်နှက် သွားသေးတာ။ တကယ်လို့ ကျောက်ချင်သာ ဒီနေ့မှာ ရွယ်ယောင် ကို သူ့မိန်းမ အတွက် သေအောင် ရိုက်မသွားတာ ကိုပဲ တကယ်ကြီး ကျေးဇူးတင်လိုက် ပါ ''

ရွာသူကြီး ရဲ့ မျက်နှာက အေးစက် နေပြီးတော့ ငြင်းပယ်ဖို့ စကားတစ်ခွန်း တောင် ထွက်မလာ ခဲ့ ပါပေ။

''အခုချိန် ကစပြီး ရွာလူကြီး ခများ ဂူထဲက လူတွေကို ကောင်းကောင်း ကြည့်ထား သင့်တယ်။ တကယ်လို့ ကျောက်ချင်သာ ထပ်ပြီး ကြုံရမယ်ဆို သူက ထပ်ပြီး ရိုက်မှာပဲ။ အဲ့အခါ ဆို ကျုပ် ကလည်း သူ့ကို မရိုက်တော့ ဖို့ မတားတော့ပဲ သေတဲ့ အထိ ကို ပေါင်းရိုက်မှာ! ''

ဟော်ဆန်းအာ က ကျိုးဝေ့ရှီး ကို သေသေချာချာ ကော မသေမချာရော စိုက်ကြည့် ကာ ပြောလိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now