အပိုင်း (41.2)

640 94 0
                                    

(41.2)

ကျိုးကောအာ က လာပြီး ကူညီပေးတဲ့ ကျန်းကောအာ အတွက် ခုံ ယူ ပေးလိုက် လေတယ်။

အခုချိန်မှာ ကျန်းကောအာ ရဲ့ ဗိုက်က တစ်လထက် တစ်လ ပိုပြီးတော့ ကြီးလာပြီ ပဲ ဖြစ်လေတယ်။

ကျန်းရှု က အိမ်မှာ ပဲ နေပြီးတော့ သူ့ဗိုက်ထဲက ကလေးလေး ကြီးထွား နေအောင် ပြုစု ပျိုးထောင် လေ့ ရှိတယ်။

ကျိုးကောအာ က ဒါကို တွေ့မြင်တဲ့ အတွက် သူ ပျင်းရိနေမှန်း သိတာ ဖြစ်လို့ သူ့ကိုပါ ဖိတ်လိုက်တာ ပဲ ဖြစ်လေတယ်။

ဒီနေရာဆီကို လာရတာ က ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ နှစ်အိမ် က မဝေးတော့ ကိစ္စ မရှိဘူးလေ။ ပြန်ချင်ရင် ခြေလှမ်း အနည်းငယ် လောက်နဲ့ ပြန်သွား လိုက်လို့ ရတဲ့ အတွက်ကြောင့် ဘာမှ မှားယွင်း သွားမှာ ကို ကြောက် နေစရာ မလိုတော့ ဘူးပေါ့လေ။

'' အကိုကျောက် ၊ အကို လိုချင်တာ တွေ ရခဲ့ ပြီလား။ ကူညီပေးဖို့ ရွာသား တွေ ရောက်နေ ပြီလေ''

ကျိုးကောအာ ကခြံပြင် နားတောင် ရောက်နေ ပြီ ဖြစ်တဲ့ လူကို မြင်ရတဲ့ အထိ မျက်လုံး လျင်တာ ကြောင့် အမြန်ပဲ ထိုနေရာကို ​ပြေးသွား လိုက်တော့ လေတယ်။

သူဆိုလို ချင်တဲ့ အဓိပ္ပာယ် က သူ့အိမ်မှာ အိမ်ထောင် ဦးစီး မရှိသေးတာ မလို့ သူဘာကိုမှ အိမ်ထောင် ဦးစီး မပါပဲနဲ့ ဆုံးဖြတ်ချက် တွေ ချ မထားဘူး ဆိုတာ ကိုပဲ ဖြစ်လေတယ်။

အရင်တုံးက ကျိုးမိသား စု က အတော်လေး ကို အခွင့်အရေး သူတို့ အပေါ်မှာ ယူခဲ့တယ်။ ဒါတောင်မှ ကျိုးဝေ့ရှီးက ကျိုးကောအာ က လုံးဝ ကို မနှစ်မြို့ဖွယ် ကံမကောင်း တဲ့သူ လို အမြဲ ဆက်ဆံ နေ ခဲ့တာ ပဲ ဖြစ်လေတယ်။

ရွာမှာ လက်ထပ်ပွဲ ရှိလို့ သွားကူ ရတဲ့ အချိန်တိုင်းမှာ အကြီးဆုံး အကိုကြီး နဲ့ တစ်ခြား သူတွေ ပဲ သွားရလေ့ ရှိလေတယ်။ အခုလိုမျိုး ကူညီဖို့ ရိုးရာ အလိုက် လာရတဲ့ အချိန် ကျိုးအိမ်က ကူတဲ့ လူ သွား ရတဲ့ အခါ ဘယ်တော့ မှ ကျိုးကောအာ မသွား ရပါပေ။

ပထမဆုံး အနေနဲ့ သူက ရွာသား တွေဆီကို စကားတွေ အများကြီး ပြောလို့ မရသလို နီးနီးကပ်ကပ် လည်း နေလို့ မရ ပါပေ။ ဒုတိယ အနေနဲ့ သူတို့က မင်္ဂလာ ပွဲမစခင် မှာ လိုအပ်သေးတဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေကို လာကူ ကြတာ ဖြစ်ပြီးတော့ ဧည့်ခံပွဲ မတိုင်ခင် လည်း ထမင်း တစ်နပ် ကျွေးရမှာ ပဲဖြစ်လေတယ်။ ဒီလောက်ကောင်း တဲ့ အခွင့်အရေး မျိုးကို ကျိုးအိမ်မှာ ရှိတုံး ကဆို ဘယ်တော့မှ ကျိုးကောအာ ရဲ့ အလှည့်ကို မရောက် ခဲ့ပါပေ။

တံငါသည် (BL) Where stories live. Discover now