အပိုင်း (35.2)

568 97 0
                                    

(35.2)

'' မင်းမှာ ရှိနေပြီ? ''

ထိုဝါကျ ကို ​ကျိုးကောအာ ကြားလိုက် ရတဲ့ အချိန် သူ့ရဲ့ မျ​က်လုံးတွေက ရုတ်တရက်ကြီး ပြူးကျယ် သွားပြီးတော့ ကျန်းကောအာ နားကို ခြေလှမ်း အနည်းငယ် တိုးလျောက် လိုက် လေတယ်။

'' တကယ်လား? ''

'' ငါ နောက်ပိုင်း တွေမှာ နေမကောင်း ဖြစ်နေ ခဲ့တာ။ ပြီးတော့ ငါ တစ်ခါတစ်လေ ဆို ပျို့အန် ချင်နေ တော့တာ ပဲ ''

'' ဒါဆို မင်း ဂူ ထဲမှာပဲ နားနေ သင့်တယ်လေ။ ဘာလို့များ အပြင်ကို ထွက်ပြီး အလုပ်တွေ ဆက်လုပ် နေရတာလဲ ''

ကျန်းရှု က အနည်းငယ် ရှက်သွား လေတယ်။

'' လူတိုင်း က အလုပ်ရှုပ်နေတယ် လို့ ငါထင် မိတယ်။ ပြီးတော့ ငါတို့လို တစ်ခြားကော တွေကလည်း အိမ်ဆောက်ဖို့ ရာအတွက် ထွက်လာကြတာ ပဲလေ။ ဒါကြောင့် ငါက ဂူထဲမှာ ပဲ နေရမှာကို ရှက်ရွံ့မိ လို့ပါ။ ငါနဲ့ ငါ့ခင်ပွန်း တို့ကလည်း အိမ်ကို အမြန်ပြီးအောင် ဆောက်ချင်နေတာ ပဲလေ။ အဲ့တာ မှ ငါတို့ ကလေးလေး မွေးလာရင် ​ပိုပြီးတော့ ကောင်းကောင်း နေနိုင်မှာ လေ''

'' အဆုံးမှာတော့ ကလေး က အရေးအကြီးဆုံး ပဲ လေ!  ''

ကျိုးကောအာ က သူ့ အသံကို မြှင့်ကာ ပြန်ချေ ပ လိုက်တယ်။

'' ဘယ်သူ ကမှ မင်းကို ဘာမှ မပြောဘူး ။ ဒီနေ့ မင်း ဂူကို ပြန်နား ပြီးရင် နောက်နေ့ အလုပ် ထွက်လုပ် စရာ မလိုတော့ဘူး ။ ရွာလူကြီး နဲ့ အကိုကျောက်ကို ငါပြော လိုက်မယ်။ မင်းတစ်ယောက် ထဲ အထီးကျန် အားငယ် နေစရာ မဟုတ်ပါဘူး ။ ဒီကိစ္စက ဖြေးဖြေးချင်း အနားယူ ပျိုးထောင် ရမှာပဲလေ။ ''

ကျန်းရှု က အဲ့ အကြောင်း ကို တွေးမိတော့ အဓိပ္ပာယ် ရှိတယ် လို့ တွေးမိ လေတယ်။

သူက နောက်ဆုံးမှာတော့ ကိုယ်ဝန် ရခဲ့ပေမယ့် ဒီကလေး နဲ့ ပတ်သက်ပြီး သူဘာမှ အမှားအယွင်း မခံနိုင် ပါပေ။

သူက ကျိုးကောအာ ကို ဆွဲကာ ပြောလိုက်တယ်။

'' ဒါဆိုလည်း မင်းကို ကျေးဇူး တင်ပါတယ် ''

ကျိုးကောအာ က ပြုံးပြီးတော့ သူ့ကို ကြည့်လာ ခဲ့လေတယ်။

ကျန်းရှု က သူ့ဗိုက်လေး ကို ငြင်သာတဲ့ အပြုံးလေး နဲ့ ကို ထိကာ ပျော်ရွှင်မှု တွေကို သူက ဖုံးဖိ မထား နိုင်ပါပေ။

တံငါသည် (BL) Where stories live. Discover now