အပိုင်း (25.3)

1.1K 189 9
                                    

(25.3)

ကျိုးကောအာ က လေထု ထဲမှာ တစ်ခုခု မူမမှန်မှန်း သိတဲ့ အတွက် အဝတ်စ ကိုလည်း လွတ်မပေး ရဲသလို ကျောက်ချင် ကိုလည်း တိုက်ရိုက် မကြည့်ရဲ ပါပေ။

အေးစက်နေတဲ့ ကျောက်ချင် ရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် ပဲ လှည့်ဖျား လိုတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့လေတယ်။

သူက ကောင်လေး ရဲ့ ခါးကို ပွေ့ဖက် လိုက်ပြီးတော့ လှည့်ကာ အခုလေးတင် ခင်းထားတဲ့ အိပ်ယာပေါ် ကို လှဲ ချ ဖိထား လိုက်တော့တယ်။

''ကောင်းပြီလေ။ ကိုယ့်ကို နမ်းခွင့် ပေးမယ် ဆိုရင် ကိုယ်လည်း မင်းကို ခွင့်လွှတ်ပေးမယ်! ''

ကျိုးကောအာ က သူ့ရဲ့ မျက်လုံးလေး ကို အမြန်ပဲ ဖွင့်ကာ သူ့ရဲ့ ကိုယ်ပေါ်ကို ဖိထားတဲ့ လူအား တွန်းဖို့ လက်ထုတ်ပြီး ကျန်တစ်ဖက်နဲ့ ကျောက်ချင်ရဲ့ ပါးစပ်ကို အုပ်ကာ ပြောလိုက် တယ်။

'' ငါ အခုထိ မျက်နှာကို မဆေးကြော ရ သေးဘူး''

သူ့ရှေ့က သနားစရာ ကောင်းပြီး နူးညံ့နေတဲ့ ကောင်လေး ကို ကြည့် ပြီးတော့ ကျောက်ချင် မထိန်းနိုင်ပဲ ရယ်လိုက် မိလေတယ်။ ပြီးတော့ အအုပ်ခံ ထားရတဲ့ ပါးစပ် နဲ့ ပြောလိုက်တယ်။

'' ကိစ္စ မရှိပါဘူး။ ကိုယ် က ညစ်ပတ်တဲ့ အမွှေးလေး တွေ ရှိတဲ့ ကြောင်လေး ကိုတောင် သဘောကျတယ် လေ''

'' မရပါဘူး! ''

ကျိုးကောအာ က စောင်ကို မကာ  ကျောက်ချင် ရဲ့ ခေါင်းကို အုပ်လိုက်လေတယ်။

ထိုအခြေအနေ ကို တွေ့တော့ သူက အမြန်ပဲ နောက်ထပ် အဖိခံ ရမှာ ဆိုးလို့ တွားသွား ဖို့ လုပ်လိုက်ပေမယ့် စောင်နဲ့ ပတ်ထား တဲ့လူက လုံးဝ မလှုပ်တာ ကိုတွေ့လိုက် ရလေတယ်။

ကျိုးကောအာ က ဘေးနာမှာ ထိုင်ကာ သံသယ ဝင်စွာနဲ့ပဲ ကြည့်လိုက် လေတယ်။ စောင်အောက် က ကျောက်ချင် က လှုပ်ရှားမှု မရှိတာ ကိုတွေ့တော့ သူက အဲ့နားကို တိုးကပ်သွားကာ စောင်ကို နောက်တစ်ခါ လှပ်လိုက်တယ်။

ကျောက်ချင် က မျက်မှောင်ကြုတ်ကာ သူ့ရဲ့ မျက်ခွံတွေကို ပင့်လိုက် ပြီးတော့ သူ့ရဲ့ မျက်နှာ ကလည်း အခြေအနေ ကောင်းမနေ ပါပေ ။

တံငါသည် (BL) Where stories live. Discover now