အပိုင်း (34.2)

552 100 0
                                    

(34.2)

ဆောင်းရာသီ ပြီးတဲ့နောက် နွေဦးလေပြေ လေး က စောစီးစွာ ပဲ တိုက်ခက် လာလေတယ်။ အဲ့တာ ထပ် ပိုပြီးတော့ သာယာနာပျော်ဖွယ် ရှိတဲ့ အရာ ကတော့ ပင်လယ်ရေ တွေက တောင်ဘေး နားကနေ သူတို့ရဲ့ တံငါရွာဟောင်း ရှိတဲ့ နေရာ အထိ ကို ပြန်လျော့ကျ သွားတာ ပဲ ဖြစ်လေတယ်။

ထိုကုန်းမြေ တွေက ရေနဲ့ လပေါင်းများစွာ ထိတွေ့ ထားရတော့ ပျော့နေ ဆဲ ဖြစ်ကာ အခုလို ပင်လယ် ရေတွေက ကျ သွား ပြီးနောက် ရွံ့အလွှာပါး တွေပဲ ကျန်နေ ခဲ့လေတယ်။

ပင်လယ်ရေ က နေ့ချင်း ညချင်းပဲ လျော့ကျ သွားတာ ဖြစ်တဲ့ အတွက်ကြောင့် ထိုနေရာမှာ ရှိတဲ့ ငါးတွေ ၊ ပုဇွန်တွေနဲ့ ပင်လယ်ရေ ထွက် တစ်ခြား ပစ္စည်းတွေ ကပါ နက်ရှိုင်းတဲ့ ပင်လယ် ထဲကို ပြေးပုန်းဖို့ အချိန် မရ ခဲ့ပါပေ။

ဒီအချိန်မှာတော့ နုန်းမြေ အနိမ့်ပိုင်း နေရာမှာ ပင်လယ်ထွက် ပစ္စည်းတွေ အများကြီး သောင်ကမ်းတင် ကျန်နေ ခဲ့ကြတယ်လေ။

ရွာသား တွေ အကုန်လုံး က ပျော်ရွှင် နေကြ ပြီးတော့ ဂူထဲက ရှိသမျှ လူတိုင်းကို ခေါ်ကာ ယောကျာ်း ၊ မိန်းမ ၊ ကော ၊ ကလေး အကုန်လုံး ကို ခေါ်လာပြီးတော့ ပင်လယ်စာ တွေကို တက်နိုင်သမျှ ကောက်ခိုင်း ကြတော့လေတယ်။

ကျောက်ချင် ကလည်း တောင် တစ်တောင်း ကိုသယ်လာ ကာ အစ ကတော့ ဂဏန်း တစ်ချို့ကို ကောက်နေတာ ဖြစ်ပြီးတော့ မုတ်ကောင် တွေအများကြီး ကိုလည်း တွေ့လိုက် ရလေတယ်။ အဲ့တာ တွေက အဖြူနဲ့ မီးခိုးရောင် ရှိတဲ့ ကျောက်တုံးတွေ နဲ့ တူလေတယ်။

အဲ့အထဲမှာ အသားတွေ အများကြီး မပါပေမယ့် အခွံ ကတော့ အတော်လေး ကြီးလေတယ်။ သူက အများကြီး တောင် မကောက်ရ သေးဘူး။  တောင်းလေး က ပြည့်လုနီးပါး အထိတောင် ဖြစ်နေ ခဲ့ပြီလေ။

'' အကိုကျောက် ဘာလို့ ခများ က အဲ့တာ တွေကို ကောက်နေ ရတာလဲ? အဲ့တာ တွေက အသားလည်း နည်းပြီး ကုန်းပေါ်မှာ တောင် ရှာတွေ့ နေကြ ဟာကို ။ အဲ့တာကို စားတဲ့ လူကလည်း ရှားတော့ ရောင်းဖို့က လွယ်ကူမှာ မဟုတ်ဘူး ။ ''

ကျိုးကောအာ က ဘောင်းဘီ တွေကို လိပ်တင်ထား ပြီးတော့ သူ့ခြင်းတောင်း နဲ့ တစ်ဝက်နီးပါး အထိ ပင်လယ် ပုဇွန်တွေကို ကောက်ထည့် ထားပြီးသား ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now