အပိုင်း (35.3)

530 91 0
                                    

(35.3)

အိမ်တွေကို မြင်ပြီး တဲ့နောက် သူတို့ရဲ့ စိတ် ထဲမှာ မကျေမနပ် မှုတွေ ​ဖြစ်နေ ပေမယ့် မီးရှို့ပစ်မယ် ဆိုတာ ကျတော့ သိပ်ပြီး လက်မခံ လိုတဲ့ တုံ့ဆိုင်း နေတဲ့  ရွာသား တွေလည်း ပါလေတယ်။

'' တကယ်လို့ အိမ်တွေကိုသာ မီးရှို့လိုက်ရင် တောင်ပေါ်က သစ်တော တွေပါ မီးဆွဲကုန် တော့မှာပေါ့။ အဲ့အခါ ကျရင် ငါတို့က ဘယ်လို လုပ် ရတော့ မတဲ့လဲ ''

'' မင်း က တုံးအ လိုက်တာ ။ အိမ်တွေကို ပဲ မီးရှို့မှာလေ။ စောင့်ကြည့်နေရုံ ပဲပေါ့။ မီးကို သေချာကြည့် ပြီး ငြိမ်းလိုက်ရင် ရပါတယ် ''

'' ငါတို့ ရွာလူကြီး ကို အရင်ဆုံး သတင်းပို့ သင့်တယ်နော်။ ပြီးမှ ရွာလူကြီး က သူ့ဘာသာ သူ ဆုံးဖြတ် ပါလေ့စေ ''

တစ်ယောက် ယောက် က အကြံ ပေးလိုက် ပြန်တယ်။

ထို မီးတုတ် ကိုင်ထား တဲ့ ​လူက ကြိမ်ဆဲ လိုက်တယ်။

'' တကယ်လို့ မင်းတို့မှာ ပြောစရာ ရှိသေးတယ် ဆိုရင် ငါ ပြောလိုက်မယ်။ ငါ့ဦးလေး က ဒီအကြောင်းတွေ က်ို သိလို့ ကတော့ ငါ့ရဲ့ မီးရှို့မယ့် အကြံ အစည် ကို သေချာပေါက် သဘောတူ မှာပဲကွ ''

ထိုစကား ပြောပြီးနောက် မီးတုတ်ကို ဒီနေ့မှာ သက်ကယ်ရက်ဖို့ အတွက် ကျိုးကောအာ စုထားတဲ့ မြက်ခြောက်ပုံ ပေါ်ကို ပစ်တင် လိုက်တယ်။ မြက်ခြောက်က မီးစွဲ လွယ်တာ ကြောင့် မီးက စတင်ပြီးတော့ တောက်လောင် လာတယ်။

( မြွေတွင်းတည့်တည့် သွားနှိုက်တာပဲ ဘရို)

တောက်လောင် နေတဲ့ မြက်ခြောက်ပုံ ကို တွေ့တော့ အမျိုးသား တွေရဲ့ ရယ်သံ တွေက ကျယ်လောင်စွာ ထွက်လာ ခဲ့လေတယ်။

ဒါပေမယ့် သူတို့ရယ်လို့ တောင် မပြီးသေးခင် မှာပဲ သူ့လည်ပင်းထဲ တစ်ခုခု နဲ့ အဆို့ခံလိုက် ရပြီး မျက်လုံးတွေက မှောင်သွား​ကာ ခေါင်းကနေ ခါးအထိ တစ်ခုခု နဲ့ အအုပ်ခံ လိုက် ရလေတယ်။

ကျောက်ချင်က ရွာသား တွေကို ဦးဆောင်ပြီးတော့ ထိုရယ်နေကြတဲ့ လူတွေကို အိတ်ထုတ်ကြီး တွေနဲ့ အုပ်ခိုင်းလိုက်ကာ ရွာသား နှစ်ယောက် ကိုတော့ မီးလောင်နေတဲ့ မြက်ခြောက်ပုံအား ရေနဲ့ ငြိမ်းခိုင်း လိုက်တယ်။ ပြီးတော့ အအုပ်ခံထား ရလို့ အမေကိုင်တုတ် ပြီး ဆဲနေတဲ့ သူတွေ ဘက်ကို လှည့်လိုက်တယ်။

တံငါသည် (BL) Where stories live. Discover now