အပိုင်း (16.2)

1.4K 249 1
                                    

(16. 2)

'' မနက်ဖြန် ဘာတွေ လုပ်ကြ မလဲ ဆိုတာ ငါတို့ ပြောကြတာ ပေါ့ ''

ထိုစကား ကို ကြားတော့ လူတိုင်း က စိတ်အေး သွားလေတယ်။ သူတို့ရဲ့ နောက် တောက်တောက် အပြုံးတွေကို အဝေးဆီကို ဖယ်လိုက် ပြီးတော့ အစောက ထက် ပိုပြီး မျက်နှာ တွေက အလေး အနက် ဖြစ်လာခဲ့ လေတယ်။

'' မနက်ဖြန် အတွက် ဘာတွေ စီစဥ် ထားတာလဲ? ''

'' တစ်ချို့ အသီးတွေနဲ့ အရွက်ရိုင်း တွေအပေါ် မှီခို ရတာ က လုံးဝကို လုံလောက်မှာ မဟုတ်ဘူး ။  ပြီးတော့ အစား အစာ က အချိန် အကြာကြီး အတွက် မလုံလောက်ဘူး။ တောင်ပေါ်မှာ မြစ် တစ်ခု ရှိတယ်။ မနက်ဖြန် ကျရင် ငါတို့ ငါးတစ်ချို့ ရနိုင် မလား ဆိုတာ ကို တစ်ချက် သွားဖမ်း ကြည့် ကြစို့။ ထပ်ပြီးတော့ လည်း ထောင်ချောက် အနည်းငယ် တူးထား ကြစို့လေ။ အဲ့ထဲမှာ သားကောင်ငယ် တစ်ချို့ မိတယ် ဆိုရင် ပဲ ငါတို့ အသားစား လို့ ရတော့မှာ ''

ထို အကြောင်းကို လူတိုင်း ကြားလိုက် ရတော့ စိတ်လှုပ်ရှား သွား ကြလေတယ်။

'' သေချာတာ ပေါ့ ''

'' ဒါဆိုရင် မနက်ဖြန် လည်း ငါတို့က ဂူထဲမှာ ပဲ နေရအုံးမှာလား။ ဂူထဲက အကုန် သန့်ရှင်း သွားပြီလေ။ ''

အမျိုးသမီး တွေက သူတို့ ပြောနေတာ ကို ကြားတော့ မေးလိုက် လေတယ်။

အလုပ်အကြောင်း စီစဥ် နေတာ ဖြစ်လို့ သူက အဲ့အခြေ အနေ ကို သုံးကာ တစ်ခါတည်း စီစဥ် လိုက်လေတယ်။

'' မနက်ဖြန် ကျရင် အဖိုးလီ က ခြင်းတောင်း တွေ ဘယ်လို ရက်ရ မလဲ ဆိုတာ ကို သင်ပေး လိမ့်မယ်။ အဲ့တာ တွေကို ခများ တို့က လိုက်ရက် ပြီးတော့ အသီးအရွက် အစားအစာ တွေကို ဂူထဲမှာ သေချာစု ထားပါ။ တကယ်လို့ ခများ တို့က အသီးအရွက် ရိုင်းတွေ သွားခူး တက်ရင် သွားပြီးတော့ ခူးယူ ထားလို့ ရပါတယ်။ ''

တစ်ခဏ လောက် တန့်လိုက် ပြီးတော့မှ သူက ဆက်ပြောလေတယ်။

'' ဒါပေမယ့် ခများ တို့သာ တကယ်လို့ အပြင်ထွက် ချင်ရင် အဖော်ခေါ် သွားပါ။ အဲ့လိုဆို တော့မှ သာ အချင်းချင်း ဂရုစိုက် ပေးလို့ ရနိုင်မှာလေ ''

တံငါသည် (BL) Where stories live. Discover now