အပိုင်း (13.2)

1.8K 309 16
                                    

(13. 2)

'' မမျှော်လင့်စွာနဲ့ ပဲ မင်းတို့ နှစ်ယောက် က လွတ်မြောက် လာနိုင်သေးတယ်ပေါ့လေ?''

ကြားရတဲ့ စကားနဲ့ ပြုံးသယောင် ထင်ရတဲ့ အသံ က ယင် နဲ့ ယန် ကွဲပြားနေသလိုမျိုး ဖြစ်နေတာကြောင့် ကျောက်ချင် က မျက်ခုံးကို ပင့်လိုက် မိတယ်။ သူလှည့်ကြည့်လိုက် တဲ့ အချိန်မှာတော့ ပြောတဲ့ သူက ကျိုးဝေ့ရှီး ဖြစ်ပြီးတော့ ကျိုးမိသားစု တွေ အကုန်လုံး ပြေးထွက် လွှတ်မြောက် လာဟန် ပါပဲ။

ကျောက်ချင် ကလည်း ဒါကို လုံးဝ မမျှော်လင့်ထား ခဲ့ပါပေ။

ဒီအဖွားကြီး က အစားကြီးတဲ့ ပါးစပ်ရှိရုံတင် မကဘူး အပြေးသန်တဲ့ ခြေတွေ လက်တွေ ရှိပြီးတော့ သူမ က တကယ် တောင်ပေါ်ကို တက်လာနိုင်တယ်ပေါ့လေ။

ကျောက်ချင် က စကားပြန်မပြောခဲ့ပေ။ သူက ထို အမျိုးသမီးအိုကြီး ကို အာရုံစိုက် ဖို့ ကို တောင် ပျင်းနေခဲ့တယ်။ သူက ဒီကို လာတာဟာ ဟော်ဆန်းအာ ကို တွေ့ဖို့ ဖြစ်ပြီးတော့ တစ်ခြား ပြဿနာ တွေ လာပြီး ရှာတာ မဟုတ်ပါပေ။ ပြီးတော့ ဒီအချိန်မှာ လူတိုင်း က ဒုက္ခ ရောက်နေ ကြတာ ပဲလေ။

ရွာသားတွေ အများကြီး က ပင်လယ် နားကနေ ပြေးလာရတာ ဖြစ်လေတယ်။
ဒါက တကယ် ရန်ဖြစ်ဖို့ ကောင်းတဲ့ အချိန် မဟုတ်ပါပေ။

ဒါပေမယ့် သူက ပြဿနာ မရှာချင်ပေမယ့် တစ်ခြားသူ တွေ ကတော့ ပြဿနာ ရှာချင် နေကြတယ်လေ။

ရွယ် မိသားစု က ဖအေနဲ့ သားဖြစ်သူ ကလည်း အဲ့ဂူထဲမှာ ရှိနေခဲ့တယ်။ သားဖြစ်သူ ရွယ်ယောင် က လှောင်ပြောင် လိုက်တယ်။

'' ရေတွေနဲ့ ဆေးကြော ခံရသင့်တဲ့ ဟာကျတော့ ရေတွေနဲ့ အတူ ပါမသွားဘူး။ ဒါပေမယ့် ရေထဲ မပါသင့်တဲ့ လူ တွေ ကျတော့ ရေထဲကို ပါသွားကြတယ် ''

'' မင်း ဘာပြောတာ လဲ။ မင်းက ဘာကို ဆိုလိုချင်တာလဲ! ''

'' ငါဘာပြောချင်တာ လဲ ဆိုတာ လူတိုင်း နားလည်ပြီးသား ဖြစ်မှာပါ ဟုတ်တယ်မလား? ''

ရွယ်ယောင် က သူ့ရဲ့ အင်္ကျီ လက်စ တွေကို မီးပုံနားကို ထားပြီးတော့ ဒေါသထွက်စွာ ပြောလိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now