အပိုင်း (30.2)

636 120 0
                                    

(30. 2)

ကျိုးတယု က ပြုံးကာ သူ့ရဲ့ လက်တွေကို ဝေ့ယမ်း လိုက်လေတယ်။

'' တကယ်လို့ ဘာမှ လုပ်စရာ မရှိရင်တော့ တစ်ချက်လောက် ကြည့်ပေးပေါ့။ ငါက အဆင် ပြေပါတယ်ဆို ​ ငါ့ အမေ က အရမ်း ပဲ စကားလျောက် များ လွန်းလို့ရယ်''

'' ဂူထဲမှာ နေ့အချိန် လှဲနေရတာ က တကယ်ကို မဆိုးဘူး ရယ် ''

ကျိုးတယု က ခေါင်းကို ကုတ်လိုက်ပြီး တော့ ရိုးသား စွာ ပြုံးကာ အပြစ်ရှိစိတ် တစ်စက်လေး တောင် ရှိမနေ ပါပေ။

ကျောက်ချင် က ကျိုးကောအာ ပြောတဲ့ စကားလောက် မရိုးရှင်း နေဘူး ဆိုတာ သိလိုက် ရလေတယ်။

ဒီလိုမျိုး ရှေးခေတ် အယူအစွဲ ဝါဒ ရှိနေတဲ့ မိဘ တွေက ကလေးတွေကို အခုလို အပျင်းကင်ဆာ ဆဲလ် တွေ ပေါ်လာ စေတာ ပဲကိုး။ သူတော့ ရွာလူကြီးကို ခေါ်ပြီး ထိပ်တိုက် တစ်ယောက်ချင်း ပြောမှ ဖြစ်တော့မယ်။

'' ဒါဆိုလည်း မင်း ဆက်ပြီး လှဲ နေပြီးတော့ ဘယ်ကိုမှ မလှုပ်ရှားနဲ့။ တစ်ခဏ ကြာရင် မင်းဗိုက်ထဲ က အစာတွေ ကြေသွားရင် တော့ နောက်နှစ်ရက် အတွက် က ဝမ်းနည်းစရာ ​တွေ ဖြစ်လာမှာပေါ့ကွာ''

စကားပြော ပြီးတဲ့နောက် ကျောက်ချင် က ကျိုးကောအာ ကို အပြင်ဆီ ခေါ်ထုတ် သွားလေတယ်။

'' ကျိုးတယု အတွက် အစာကို နှစ်ရက်စာ မပေးနဲ့။ ရွာလူကြီး လာရင် ငါ့ကို လာတွေ့ ခိုင်းလိုက် ပါအုံး ''

အမျိုးသမီး တွေ အကုန်လုံး က ပျော်ရွှင် သွားကြလေတယ်။ အစကတော့ ကျောက်ချင် က ကျိုးမိသားစု ကို ကူညီ လိမ့်မယ် လို့ထင် မိပေမယ့် အခုတော့ သူ့လုပ်ဆောင်ချက် တွေက သူတို့ကို စိတ်သက်သာရာ ရစေ လေတယ်။

'' စိတ်မပူပါနဲ့။ ငါတို့ ကောင်းကောင်း စောင့်ကြည့် ထားမယ် ''

'' ဒါဆို ခများ တို့ကိုပဲ ခက်ခဲ မိစေ ပြီဗျာ။ အကြာကြီး ခက်ခဲ နေစရာ မလိုတော့ ပါဘူး ။ စျေးကို သွားပြီးရင် ခများတို့ရဲ့ ဂူအတွက် စောင်တစ်ချို့ ပြန်ဝယ်လာ ခဲ့ပေးပါမယ်။ ဆောင်းရာသီ မှာ ပိုပြီးတော့ အအေးဒဏ်ကို အံတု နိုင်သွား ပြီပေါ့ဗျာ ''

တံငါသည် (BL) Where stories live. Discover now