အပိုင်း (41.3)

664 108 0
                                    

(41.3)

ကျိုးကောအာ က မီးဖို ရှေ့က ပန်းကန် တွေနဲ့ တူတွေကို ဆေးလို့ ပြီးလို့ နီးပါးဖြစ်နေ ပြီပဲ ဖြစ်လေတယ်။

ကျောက်ချင် က လက်အနား စကို လိပ်တင် ကာ ကူညီဖို့ သွားလိုက် လေတယ်။

ဒါပေမယ့် ကျိုးကောအာ က ပြောလာ ခဲ့လေတယ်။

'' အကိုကျောက် သွားပြီးတော့ အစောလေး အနားယူ တော့လေ။ ကျွန်တော် ပဲ အကုန်လုံး လုပ်လိုက် ပါမယ်''

'' ကောင်းပြီလေ။ မင်း အဲ့တာ တွေကို လုပ်ပြီးရင် လာခဲ့ နော် ။ ကိုယ် အထုပ်ဖြည် ပြီးတော့ မင်းကို ဝယ်လာတာ တွေ ပြပေးမယ် ''

ကျောက်ချင် က အခန်းထဲကို ဝင်သွား ခဲ့ကာ ဝတ်စုံ တွေနဲ့ လက်စွပ်တွေကို ထုတ်လိုက် လေတယ်။ ညနေခင်းမှာ အရမ်းတွေ အလုပ်ရှုပ်နေတဲ့ အတွက်ကြောင့် လက်စွပ်ကို အဲ့ကတည်း က ဆယ်ကျော်သတ် လေးအား မပေး လိုက် ရ ပါပေ။

တစ်ခဏ ကြာပြီးတဲ့ ​နောက် ကျိုးကောအာ က လုပ်စရာ ရှိတာ တွေကို လုပ်ပြီး သွားပြီ ပဲ ဖြစ်လေတယ်။

သူက အိမ်တံခါး ကို သော့ပိတ် လိုက်ပြီး တဲ့နောက် လက်က ရေတွေကို ခါးက ခါးစည်းမှာ သုတ်လိုက် ပြီးတော့ အိပ်ခန်း ထဲကို အနည်းငယ် စူးစမ်း မှုတွေနဲ့ ဝင်လာ ခဲ့လေတယ်။

'' ကောင်းပြီ။ ဒီကိုလာပြီးတော့ ကိုယ် မင်းအတွက် ဝယ်လာတဲ့ အသင့်ချုပ် မင်္ဂလာ ပွဲ အဝတ်တွေကို ဝတ်ကြည့်ပါအုံး။ အဲ့တာ က မင်းနဲ့ တော်လား ကိုက်လား ဆိုတာ ကြည့်ရ အောင်လို့? ''

ကျောက်ချင် က အဝတ်အစား ကို ကမ်းပေး လိုက် လေတယ်။

ကျိုးကောအာ က ရှင်းဖူ ဝတ်စုံ အသစ် ကို ကြည့် ပြီးတော့ အနည်းငယ် ဆုံးရှုံး သွားတယ် လို့ ခံစား လိုက်ရ လေတယ်။

သူက အဝတ်ကို လက်လှမ်း ပြီးတော့ မယူ သေးခင် သူက လက်တွေကို သူ့အဝတ်မှာ အကြိမ်ကြိမ် သုတ်ခဲ့ လေတယ်။

နွေရာသီဝတ် ရှင်းဖူ ဖြစ်တဲ့ အတွက်​ကြောင့် ပါးလွှာကာ ထိတွေ့ ကိုင်တွယ်လို့ အရမ်းကို သက်တောင့် သက်သာ ရှိပြီးတော့ ပစ္စည်း ကောင်းမှန်း သိသာလေတယ်။

တံငါသည် (BL) Opowieści tętniące życiem. Odkryj je teraz