အပိုင်း (37.2)

537 94 0
                                    

(37.2)

'' အခုက နေ့လည်တောင် ရောက်နေပြီ။ သွားကြစို့ ။ သွားပြီးတော့ ခေါက်ဆွဲ တစ်ခွက်လောက် သွားစာစ ကြမယ် ''

ဆယ်ကျော်သက် လေး က ငွေကို ချွေတာ လိုတယ် ဆိုတာကို ကျောက်ချင် သိလေတယ်။

အဆုံးမှာတော့ ဒါတွေ အကုန်လုံး က သူတို့ ပိုင်ဆိုင်မှု အကုန်ပဲလေ။ ဒါကြောင့် ကောင်လေး က ချွေတာ ချင်တာ လည်း အဆန်းတော့ မဟုတ်ပါဘူး ။

ကျိုးကောအာ က တုံ့ဆိုင်းမှု တောင် မပြရ သေးခင် မှာပဲ ကျောက်ချင် က ကောင်လေးကို အနီးဆုံး လမ်းဘေး ဆိုင်လေး ဆီကို ဆွဲခေါ်သွားကာ ထိုင်ခုံမှာ ထိုင်ခိုင်း လိုက်ကြ လေတယ်။

'' လောင်ပန် ရေ ဒီကို ခေါက်ဆွဲ နှစ်ပွဲဗျို့! ''

'' ကောင်းပြီဟေ့! ''

ကျိုးကောအာ က ဘေးပတ်ဝန်းကျင် ကို လျောက် ကြည့်နေ လေတယ်။ သူက စျေးကို လာတဲ့ အကြိမ် အရေ အတွက် က တကယ့်ကို အကန့်အသတ် ရှိနေ လေတယ်။

ဒီနေရာမှာ အခုလို စားရမယ် ဆိုတာ က ပထမဆုံး အတွေ့အကြုံ ဖြစ်ပြီးတော့ သူစိတ် လှုပ်ရှား နေမိတယ် ဆိုတာကို ထုတ်ပြောမှာ မဟုတ်ပါပေ။

'' နှစ်ပွဲနော်။ ခေါက်ဆွဲတွေ လာပါပြီ ''

တစ်ခဏ ကြာပြီး တဲ့နောက် ဆိုင်ရှင် က ချက်ပြီးသား ခေါက်ဆွဲ နှစ်ပွဲကို ယူလာ ခဲ့ လေတယ်။

ကျောက်ချင် ကလည်း ခေါက်ဆွဲ ကို စားနေရင်း နဲ့ ဘေးဘီ ကို လျောက်ကြည့် နေလေတယ်။

ခေါက်ဆွဲ ရောင်းတဲ့ ဆိုင်လေး တွေ အပြင် အသီးအရွက်စိမ်း တွေ ရောင်းတဲ့ ဆိုင်လေး တွေနဲ့ ပေါက်ဆီ ရောင်းတဲ့ ဆိုင်လေး တွေပါ ရှိလေတယ်။

သူက ကိုယ့်တပိုင် တနိုင်လေး နဲ့ စီးပွားရေး လုပ်နေတာ ကို ကြည့်ပြီးတော့ စျေးဆိုင်ငယ် အသေး လေး ပဲ ရှိပြီး အဖီဆွဲ ထားတဲ့ စျေးဆိုင်ငယ် တွေ မရှိဘူး ဆိုတာကို တွေ့လိုက် ရ လေတယ်။

''အကိုကျောက် ဘာတွေ တွေးနေ တာ လဲ ဟင် ''

ကျောက်ချင် က တစ်နေရာ ထဲကို ပဲ စိုက်ကြည့် နေပြီးတော့ စကား အကြာကြီး မပြောတော့တာ ကို တွေ့တော့ ကျိုးကောအာ က မတက်နိုင်ပဲ အော်ခေါ်လိုက်ရ လေတယ်။

တံငါသည် (BL) Where stories live. Discover now