အပိုင်း (35.4)

563 90 0
                                    

(35.4)

တစ်ကယ်လို့ သာ သူတို့ရဲ့ ရွာ အသစ် တစ်ခုခု ဖြစ်သွား လို့ကတော့ ဘယ်သူမှ ဘာမှ မတက်နိုင်တော့ဘူး လေ။

သူတို့အားလုံးက သဘော တူပြီးတော့ ခေါင်းငြိမ့် လိုက်လေတယ်။

အပြန်လမ်းမှာတော့ ကျောက်ချင် က လက်တစ်ဖက်နဲ့ မီးတုတ်ကို ကိုင်ဆွဲ ပြီး ကျန် တစ်ဖက် နဲ့ ကျိုးကောအာ ကို ကိုင်ဆွဲ ထားလေတယ်။

''အကို က အများကြီး မစိုးရိမ် ခဲ့ဘူးလို့ပဲ ငါ ထင်နေခဲ့တာ ''

ကျောက်ချင် က ရယ်လိုက်တယ်။

'' ကိုယ်က ဘယ်လိုလုပ် မစိုးရိမ်ပဲ နေမှာတဲ့လဲ? ''

သူက တစ်ခြား လူတွေ ထက်စာရင် ရွာကို စောစောပြီးအောင် တောင် ဆောက်လို ခဲ့တာလေ။ သူက ဘယ်လိုလုပ် မစိုးရိမ်ပဲ နေမတဲ့လဲ။

...........

ကျိုးကောအာ က ကျန်းကောအာ ကို ကတိပေးထားတဲ့ အတိုင်း ကိုယ်ဝန် အကြောင်း ကို ရွာလူကြီး ဆီကို သတင်းပို့ပေး လိုက်တယ်။ ရွာလူကြီး ခမျာ မျိုးဆက် အငယ်လေး တစ်ယောက် က ကိုယ်ဝန်လွယ်ထား ရပြီ ​ဆိုတာကို သိလိုက် ရတဲ့ အတွက်ကြောင့် အရမ်းကို ပျော်ရွှင် သွားပြီးတော့ ကျန်းကောအာ ကို ပင်ပန်း တဲ့ အလုပ်တွေ မလုပ်ဖို့ နဲ့ ဂူထဲမှာပဲ နေပြီးတော့ ကလေး ကို သေချာလေး ဂရုစိုက်ဖို့ ပဲ အမိန့်ချ ပေးလိုက်တယ်။

အစကတော့ ရှားယု လူတွေ ထွက်သွား ပြီးတဲ့နောက် အဲ့တာ က ကောင်းတာ ဖြစ်လာမှာလား ဆိုးတာ ဖြစ်လာမှာလား ဆိုတာကို တွေးရင် နဲ့ ရွာလူကြီး ခမျာ ဝမ်းနည်းလွန်းလို့ အိပ်လို့တောင် မပျော်တော့ ပါပေ။

ဒါပေမယ့် ထိုသတင်း ကို ကြားလိုက် ရတဲ့ အခါမှာတော့ သူက ချက်ချင်း ပဲ တက်ကြွ ကာ စွမ်းအင်တွေ ပြည့်ဝ သွားတော့ တယ်။

'' သွားကြစို့။ ကျန်းကောအာ ကို သွားတွေ့ ကြမယ်။ ဒါက တကယ်ကို ပျော်ရွှင်စရာ ကောင်းတဲ့ အဖြစ်အပျက် ပဲလေ! ''

ကျန်းကောအာ ဆီသွားတာ သူတို့တင် မကပဲ တစ်ခြား ရွာသား တွေကပါ သတင်း ကြားတဲ့ အတွက်ကြောင့် သူတို့ကပါ လိုက်ပြီး နောက်ဆုံးတော့ သတင်း လိုက်မေး ကြလေတယ်။

တံငါသည် (BL) Where stories live. Discover now