အပိုင်း (2.3)

2.2K 325 9
                                    

(2.3)

ဒါပေမယ့် အကုန်ရှင်းလင်း ပြီးတဲ့နောက်မှာတော့ ကျိုးကောအာ ဟာ အခန်းထဲကို ဝင်လာခဲ့ပြီးတော့ ဗီရိုဟောင်းထဲက စောင်တစ်ထည်ကို ထုတ်ယူကာ အပြင်ကို ထွက်သွားလေတယ်။

သူက ခါတိုင်း ဘယ်လိုမျိုး အိပ်ရမလဲ ဆိုတာကို သိလေတယ်။

သေးငယ်တဲ့ သစ်သား အိပ်ယာလေး ကို  စောင်တစ်ထည် နဲ့ ခင်းထားကာ အဲ့ပေါ်မှာ ခြုံစောင် တစ်ထည် ပါရှိနေပြီးတော့ အရမ်းကို နွေးထွေးတဲ့ ပုံပေါ်လေတယ်။

ကျိုးကောအာ က ဆီမီးကို အနောက်ဘက် အခန်းထဲ ကို ယူသွားကာ အလင်းရောင်က ပြန်ထွက်ပေါ် လာတယ်။ သူက လှေကား ဘေးနားက ကြမ်းပြင်ပေါ်မှာ အိပ်တာပဲ ဖြစ်လေတယ်။

ထိုအိမ်လေးထဲမှာ အခန်း ၃ ခန်းသာ ပါလေတယ်။ အဓိက အခန်းရယ် ၊ အိပ်ခန်းရယ်၊ အနောက်ခန်းပဲ ပါရှိလေတယ် ။ ပြီးတော့ မီးဖိုလေးရောပေါ့။

အပေါ်ထပ်မှာတော့ ဘာအခန်းမှ မရှိပေ။ အဲ့တာက အပျက်အစီးပုံတွေ တင်သာ ဖြစ်လေတယ်။ အဲ့တာက နဂိုကတည်း က အသုံးပြုဖို့ နေရာနည်းပါးတဲ့ အပြင် မိုးရွာတဲ့နေ့တွေဆိုရင် ဘာမှ နေစရာကို မကျန်တော့ပေ။

အနောက်ခန်းကို အကာ ​နှစ်ခု နဲ့ ဆောက်ထားတာ ဖြစ်ပြီးတော့ ကျန်အခန်းတွေ ကိုတော့ အကာ တစ်ခုနဲ့သာ ကာထားလေတယ်။

ကျောက်ချင်ဟာ ထိုကောင်လေး က ပါးလွှာတဲ့ အဝတ်လေး တစ်ထည်သာ ဝတ်ပြီးတော့ စောင်ပါးလေး တစ်ထည်သာ နဲ့သာ အိပ်တော့ မှာကို မြင်လိုက်ရတယ်။

ညကျရင် အေးပြီးတော့ ကြမ်းပြင် ကလည်း မာလေတယ်။

သူက ဘယ်လိုလုပ် အိပ်နိုင်ရတာလဲ?

မိုးရွာတဲ့ နေ့တွေ ဆိုရင် ပိုပြီးတော့ အေးတယ်လေ။

တကယ်လို့ သာ ခေါင်းမိုးက မိုးရေကို မခံနိုင်တော့ရင် မိုးရေတွေ ယိုကျလာမှာ ကိုတောင် ကြောက်ရလေတယ်။ သူက ဒီနေ့ည မအိပ်နိုင် မှာကို ကြောက်နေခဲ့လေတယ်။

ထိုလူက ဘယ်လောက်ပဲ ဆိုးဝါးခဲ့ ပါစေ သူကတော့ ထိုလူ လိုမျိုး ဆိုးဝါးတာကို နေသားမကျပါပေ။ သူက အိမ်ရဲ့ တံခါးမှာ မှီပြီးတော့ အိပ်လိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now