Part 💭 2 (U&Z)

18.8K 348 1
                                    

True Love 💭 အပိုင်း- ၂

ရွှေကူ မနက်၄ နာရီထဲက ထမင်းဟင်းချက်ပြုတ်ကာ အဝတ်တွေလျှော်စက်ထဲထည့်၍ ရေပြေးချိုးရသည်။ ရေချိုးနေတော့မနက် ၇ နာရီရှိပြီဖြစ်သည်။ အိမ်ရဲ့အနောက်ဘက် ရွှေကူတို့ရေချိုးဖို့ကို ရေစင်ကြီးအောက် အုတ်ခုံလေးနှင့် အုတ်ကန်လေးလုပ်ပေးထားရာ ဘေးတွင်အကာမရံတွေတော့မရှိပေ။ အပေါ်ထပ်မမလေးအခန်းကနေဆိုတန်းနေပေမယ့် ကျန်အခန်းတွေကတော့မမြင်ရသည်မို့ ရွှေကူစိတ်ချလက်ချ ရေချိုးနိုင်ခြင်းဖြစ်လေသည်။

ရေချိုးပြီး၍ တဘက်တောင်မပတ်ပဲ ကွန့်မြူးအခန်းအတွင်းဒွန့်ကာ လှုပ်ရမ်းနေခိုက် ပြူတင်းပေါက်ကမြင်လိုက်ရသည့်ကောင်မလေးကြောင့် အောက်ကကောင်ကို လက်နှင့်အုပ်ကာ ကာထားမိတော့သည်။

"မဟုတ်ပါဘူး သူကမြင်ရတာမှမဟုတ်ပဲ"

ပြူတင်းပေါက်နားတိုးကာချောင်းကြည့်မိတော့ ထဘီအနက်လေးရင်ချား၍ ရေချိုးနေသောသူမလေးက ဖြူဖွေး၍နေလေသည်။ ရေတွေကိုခပ်ခပ်ပြီးလောင်းနေတာက အလျင်အမြန်ဆိုပေမယ့် ကွန့်မြူးကတော့ငေးပြီး ထိုင်တောင်ကြည့်နေမိပြီဖြစ်သည်။ ခြံချင်းကပ်ရပ်ပေမယ့် တိုက်ချင်းလဲအရမ်းကြီးမနီးပေ နဲနဲဝေးသည်တောင် ပုံရိပ်တို့ကပြတ်သားလှသည်။ နွေရာသီ အပင်ခြောက်ကြီးအောက်မှာ သူမလေးရေချိုးနေသည့်မြင်ကွင်းက ပန်းချီကားလေးတစ်ချပ်ပမာ ရင်သပ်ရူမောဖွယ်ဖြစ်လေသည်။

ဘယ်လိုဆွဲဆောင်မှုမျိုးမှမပါပေမယ့် ထိုင်ကိုကြည့်နေချင်သည်အထိ သူမလေးပုံစံကလှုံ့ဆော်ပေးနေလေသည်။

"ဟာ ညကလဲတဏှာရူးလာသေးတာကို မင်းကအခုထိရူးတုန်းပါလားကွန့်မြူးရ .."

မသင့်တော်ပါဘူးဟုတွေး၍ ကိုယ့်ကိုအပြစ်တင်လိုက်သည်။ ကွန့်မြူးလိုက်ကာ
ကို ဆွဲပိတ်ပစ်ကာ မီးဖွင့်လိုက်ပြီး အင်းကျီလဲ ပြင်စရာရှိတာပြင်လိုက်ကာ...

"မိန်းခလေးကိုဒီလိုအပြင်မှာရေချိုးခိုင်းစရာလဲကွ မသင့်တော်တာမသိကြဘူးလားမသိဘူး တောက်... "

မနေ့ညက one night stand တာကောင်းကောင်းမနေပဲ တစ်ဖက်မိန်းကလေးကိုထပ်ပြီးရိုက်လွှတ်လိုက်သည့် ကိစ္စတွေးမိတော့ ကွန်းမြူးစိတ်အိုက်လာရသည်။ 

True Love 💭 (Completed)Where stories live. Discover now