(Unicode)
True Love 💭❤ အပိုင်း - ၅၆မင်္ဂလာလမ်းကြောင်းဖောက်ရန် မာတို့မိသားစု ကလောသို့ဆင်းလာခဲ့ကြခြင်းဖြစ်သည်။ သမီးလေးကတော့ ရောက်သည့်နေထဲက သူ့မေမေအိမ်သွားနေလေပြီး ဒေါ်မာတို့ကတော့ မောင် ဥဿာ၏ Hotel တွင်တည်းနေကြခြင်းဖြစ်သည်။
"Hello ကိုဥဿာ"
"မင်းတို့အဆင်ပြေလား"
"အဆင်ပြေတယ်ပဲပြောရမယ် "
"သွားပြီးသွားပြီလားဟ"
"မသွားရသေးဘူးလေ"
"ဟာ အဲ့တာအဆင်ပြေတာလားကွ သွားတောင်မသွားရသေးပဲနဲ့ "
"အဆင်ပြေမှာကြိမ်းသေလို့ပေါ့ဗျ "
"အေးငါကစိတ်ပူလို့ လှမ်းဆက်ကြည့်တာ "
"စိတ်ချစမ်းပါဗျာ ကွန််မြူးဝေတဲ့ တစ်မြူးထဲရှိတယ် သဘောတူပြီး မင်္ဂလာရက်မြန်မြန်လေးသတ်မှတ်ခဲ့မယ် "
"အေး မြန်ပါစေနော် ပျင်းလို့ကွ ပွဲလေးဘာလေးတတ်ရအောင်လို့ လုပ်စမ်းပါမြန်မြန်လေး "
ပျင်းသည်သာပြောလိုက်ရပေမယ့်လဲ အမှန်တဂယ်က တစ်နေ့ကပေးထားသည့်အလုပ်ကြောင့် ယခုထိကိုယ်လက်ကိုက်နေဆဲမဟုတ်လား။
"Ok ကျွန်တော်ပြီးမှလှမ်းဆက်လိုက်မယ် မာမီတို့သွားတော့မယ်နဲ့တူတယ်ဗျ"
"အေးအေးသွားသွား"
ရွှေကူ့အတွက်နေသားကျဖို့ခက်ခဲပေမယ့် အလွန်ဆုံးနေမှ နှစ်ညအိပ်လောက်ပဲမို့ ရွှေကူမေမေ့အိမ်တွင်အိပ်ဖြစ်လိုက်သည်။ မောင်လေးဖြစ်သည့် သီဟမှာလဲ ရွှေကူ့ကိုကြည်ဖြူသလို မေမေ့၏နောက်ခင်ပွန်းဖြစ်သည့် ဦးလေးသစ်ဟာလဲကြည်ဖြူလေသည်။ ဘွားဖြစ်သူကတော့ ဘယ်လိုသဘောရလဲမသိ ဘွားထူထောင်ထားသည့် ဘိုးဘွားရိပ်သာတွင်သာသွားနေခြင်းမို့ ဘွား၏သဘောထားကိုရွှေကူမတွေ့ရသေးပေ။ ဤအိမ်လေးတွင်နေရသည်မှာပျော်ရွှင်ရလားဟုဆိုလျှင် စိတ်အခြေနေအရပေါ့လေ။ ရွှေကူတစ်ခါတစ်လေဆို မိသားစုအရင်းတွေလိုခံစားမိပြီး တစ်ခါတစ်လေဆို ဘေးလူကြီးလိုခံစားမိသည်တော့အမှန်ပေ။ သို့ပေမယ့်ရွှေကူကဒီမှာရေရည်နေမှာမှမဟုတ်ပဲလေ တစ်ခဏလောက်ပဲမို့ရွှေကူပျော်အောင်နေရမှာပေါ့။