(Unicode)
အလုပ်ပိတ်ရက်ဖြစ်သလို မာမီတို့လဲမရှိသည်မို့ ဒီနေ့လေးတော့ကွန့်မြူးကောင်မလေးကိုခေါ်ကာ အပြင်သို့လျှောက်လည်ပက်ကြမည်ဖြစ်တော့သည်။ ကောင်မလေးကိုအသိမပေး ခွင့်ပြုချက်မတောင်းရသေးပေမယ့်လဲ မရရအောင်ပြောမည်မို့ ကွန့်မြူးအသင့်အနေအထားပြင်ထားလိုက်တော့သည်။
"အမလေး.. အကိုလေးရယ် လန့်လိုက်တာ".
ထမင်းစားခန်း၏ခုံကြီးတွင်ထိုင်ကာ လက်သီးတွေဆုတ်၍ မျက်မှောင်ကြီးကြုပ်ကာထိုင်နေသည့်အကိုလေးကိုရုတ်တရက်တွေ့သည်ကြောင့် ရွှေကူလန့်သွားခြင်းဖြစ်တော့သည်။
"ကောင်မလေး ကိုယ်ပြောစရာရှိလို့ခဏထိုင်အုံးနော်"
ရင်ဘက်လေးဖိကာ လန့်နေသည့်ကောင်မလေးကို ကွန့်မြူးပခုံးမှကိုင်၍ ခုံလေးဆီထိုင်ခိုင်းလိုက်သည်။
"အကိုလေး ဘာ ..ဘာပြောစရာရှိလို့လဲဟင်"
ရွှေကူ့မှာ လန့်နေရသေးသည်မှာအရှိန်မပြယ်သေးပဲရှိနေလေသည်။ အကိုလေးကထပ်မံ၍ မျက်မှောင်ကြီးကြုပ်ကာရွှေကူ့ကိုကြည့်နေလေသည့်အခါ ရွှေကူမျက်လုံးလေးများပြူးနေရတော့သည်။
"ကိုယ်နဲ့ဒီနေ့လျှောက်လည်ရအောင်လေ ကိုယ်တို့အပြင်မှာ Date ရအောင်လို့ကောင်မလေးခွင့်ပြုမလားကိုယ့်ကို"
အော်.. ရွှေကူကလက်မခံရင် ဆွဲထိုးမယ့်ဆိုက်ဂိုက်နဲ့ ရွှေကူ့ကိုပြောလာမှတော့ ရွှေကူကဘယ်သတ္တိနဲ့ငြင်းရဲပါ့မလဲလို့ အကိုလေးရယ်။
"ရွှေကူငြင်းလို့ရောရလား"
"ဘယ်လိုထင်လဲကောင်မလေး"
ရွှေကူ့ခုံလေးကို လက်ထောက်ထားကာ ရွှေကူ့ကိုသေချာကိုစိုက်ကြည့်နေသည်မို့ ရွှေကူ့မှာ ထပ်ပြီးစကားမဆိုရဲလန့်နေရတော့သည်။ ငြင်းလိုက်လျှင် တဂယ်ကိုင်ပေါက်လာနိုင်ပါသည်။ ပြောတော့ဖြင့်မနေ့ညက ရွှေကူ့အပေါ်အရင်လိုမကြမ်းတမ်းတော့ဘူးဟု ဂတိတွေပေးပြီးတော့များ ယခုကျတော့လဲရွှေကူ့ကိုလက်သီးလက်မောင်းတွေတန်းကာ လျှောက်လည်ဖို့ခြိမ်းခြောက်နေတာများ တဂိနှင့်လုံးလုံးကိုဆန့်ကျင်နေလေတော့သည်။