(Unicode)
True love 💭❤ အပိုင်း - ၄၅ဦးလေးသာစည်၏အိမ်မှာ ယိုင်နဲ့သည့်တဲအိမ်လေးဖြစ်သည်ကြောင့် ကွန့်မြူးတို့သုံးယောက်တက်လိုက်တော့ အိမ်ကညွှတ်ခနဲဖြစ်သွားလေသည်။ ကံကောင်းသည်က ဦးလေးသာစည်သည်အိမ်တွင်သာရှိနေပြီး အိပ်ပျော်နေသည်မို့ ကွန့်မြူးတို့အတွက်အတော်ဖြစ်သွားလေသည်။
"အေးကွ ငါသေချာမြင်ခဲ့တာ ဝေလီဝေလင်း ၃ ချက်ခွဲလောက်ကြီး ခလေးကိုပိုက်ပြီးကားပေါ်ကဆင်းလာတာလေမြရီက"
"ကျန်တာရောဦးလေး ဘယ်သူကလာပို့တယ် ဘယ်သူဘယ်ဝါဆိုတာမသိဘူးလားဗျ "
"အေး မသိပါဘူးကွာ ငါကလဲ မူးပြီးထန်းတောထဲအိပ် အိပ်ယာကနိုးတော့ အိမ်ပြန်မယ်ဆိုပြီးပြန်လာတာနဲ့တွေ့တာကွ မြရီကတော့ငါကအရက်သမားမို့ မူးပြီးလျှောက်ပြောတာလို့ရွာသားတွေကိုပြောတော့ မြရီစကားယုံကြတာပဲဟေ"
"လွဲတော့လွဲနေတယ်ထင်တယ်ဗျ"
"အေးလွဲဆို အဲ့ညက မြရီအိမ်မှာမရှိဘူးကွယ့် ဘယ်သွားမှန်းလဲမသိဘူး တစ်ညလုံးပျောက်နေတာလေ"
ဦးလေးသာစည်၏ မိန်းမဖြစ်သူအရီးလေးကြည်မာကဝင်ပြောလာသည့်အခါ ကွန့်မြူးတို့အဖွဲ့အရီးကြည်မာဆီ ဦးတည်လှည့်လိုက်ကြသည်။
"ဟုတ်လားဗျ"
"အေး ဒေါ်လေးယောက်ျားက ထန်းရည်သာသောက်တာ အမြဲအိမ်ပြန်အိပ်နေကျလေ အရီးလဲအစကဒီငမူးပြောတာမယုံဘူးပေါ့ကွယ် နောက်တော့သေချာစဉ်းစားကြည့်တော့ ဟုတ်ပါ့ညနေကမြရီကို ဘယ်သူမှမတွေ့လိုက်ကြဘူး ကြာပါပြီကွယ် အဲ့တာတွေဖြစ်ခဲ့တာပဲ နှစ် ၂၀ ကျော်ပြီလေ"
အတွေးတွေက ထိုအရာကို အမှန်ဖြစ်စေချင်နေသလို အမှန်ဖြစ်ပါစေလို့လဲ ဆုတောင်းမိ၏။
ထိုတစ်ညလုံးထိုအဖြစ်ပျက်နှစ်ခုကိုတွေးကာ ကွန့်မြူးအိပ်မရဖြစ်နေရသည်။ ကောင်မလေးရဲ့ဒေါ်လေးဆီ မနက်ကျရင်သွားမေးရအုံးမည်မို့ ဒီညတော့ အိပ်ပျော်အောင်အိပ်ရအုံးမည်။
"အေးချမ်းငါစိတ်ချမယ်နော် "
"စိတ်ချပါဗျ ကျွန်တော့မမကိုသေချာပြောထားတယ် သွားရင်တော့အတူသွားကြမယ် ပြီးမှကျွန်တော်တို့ကရှောင်ပေးမယ်ဗျာ ဖြစ်လား"