(Unicode)
True love 💭❤ အပိုင်း - ၄၄ရွှေကူတို့ရွာရောက်ပြီးနှစ်ပတ်ပြည့်။
ရွာတွင်အကိုလေးမနေနိုင်လောက်ဘူးဟုထင်မိသည့်ရွှေကူမှာ အတွေးတွေမှားခဲ့သည်ကို အကိုလေးကသက်သေပြခဲ့လေသည်။ ယခုဆိုအကိုလေးဟာ မနက်ဆိုလျှင်လဲ ကျောင်းမသွားမှီခလေးတစ်ဖွဲ့နှင့်စကားလက်စုံကျနေတတ်သလို ညနေတို့တွင်လဲ ခလေးတွေကိုမုန့်ဝယ်ကျွေး၍ ခလေးတွေနှင့်ပျော်နေတတ်သေးသည်။ အကိုလေးခလေးချစ်တတ်မှန်း ရွှေကူလဲယခုမှသိခဲ့ရသည်။ အကိုလေးကတော့လေ ရွာရောက်မှ တဂယ်ခလေးသူကြီးကိုဖြစ်လို့ပါလေ။
ဒါနှင့်မပြီး ညဆိုလဲ ရွှေကူတို့အိမ်ဘက်သီချင်းလေးလာဆိုတတ်သလို တစ်ခြားကာလသားများနှင့်လဲ အတူလိုက်၍ရွာတစ်ပတ်ပြည့် သီချင်းလိုက်ဆိုတတ်သေးသည်။ ရွှာမှကာလသများဟာ အကိုလေးကိုခင်မင်နေကြသလို အကိုလေးဟာလဲအားလုံးနှင့်အဆင်ပြေစွာကို အေးအေးချမ်းချမ်းနှင့်ရှိနေလေသည်။
ရွှေကူလဲယခုဆို စိတ်ရှင်းစွာနှင့်အကိုလေးကို ချစ်၍ရနေပြီဖြစ်သည်။ စရောက်တဲ့နေ့က ရွာမှာအကိုလေးမအူမလည်ဖြစ်နေမည်ဆိုး၍ ရွှေကူစကားပြန်ပြောကာ အရင်လိုပြန်နေပေးခဲ့ခြင်း။နောက်မှပြန်စိတ်ဆိုးပြီး နဲနဲလေးတင်းမာမည်ဟုတွေးထားသော်လည်း စိတ်ကမရ ချစ်နေတော့လဲ ရွှေကူ့မှာအရင်လိုပြန်ဖြစ်ကာ အကိုလေးကိုရွေးချယ်ဖို့ရွာပြန်လာခဲ့သည်တောင်မေ့ခဲ့ရသည်လေ။
"အို.. ရွှေကူ့ကို ရူးတယ်ပဲပြောပြောအကိုလေးဘေးမှာရှိနေပေးရင် ရွှေကူပျော်တယ်
အရာရာကိုခွင့်လွှတ်ပေးမယ် အကိုလေးချစ်သလို ရွှေကူလဲချစ်ပေးမယ်"" အကိုလေးနဲ့ သာယာတဲ့ဘဝလေးတည်ဆောက်ချင်တယ် ဒါဟာရွှေကူ့ရဲ့ အလိုချင်ဆုံးဆန္ဒလေးတစ်ခုဖြစ်လို့ ရွှေကူတို့အတူပုံဖော်လျှောက်လှမ်းကြမယ်နော် အကိုလေးရယ်..."
🌤🌤🌤🌤🌤🌤🌤
"နေ့လည်ကြီးအိပ်တော့မလို့လားကွ"
"အိပ်တော့မယ်ဗျာ ထမင်းစားတာများသွားတယ်ထင်တယ်ဗျ အီဆိမ့်ပြီးအိပ်ချင်နေလို့ ကိုဖိုးတုတ်ရော ဘယ်သွားမလို့လဲ"