True love အပိုင်း - ၃၇💭❤
(Unicode)"အကိုလေး ထတော့လေ အလုပ်သွားရအုံးမှာလေ "
"အကိုလေး.."
ရွှေကူတံခါးကို တဒုန်းဒုန်းနှင့်ထုကာ အော်ခေါ်ပေမယ့်လဲ အကိုလေးက စကားပြန်မရအိပ်နေသေးသည်ပဲ ဖြစ်မည်။ မနေ့ညက ရွှေကူ့ကိုသာအစောအိပ်ခိုင်းပြီး အကိုလေးကတော့အစောအိပ်ပုံမရပေ။ ဂိမ်းတွေပဲအမြဲဆော့နေသည်ကြောင့် အချိန်လင့်သွားသည်ဖြစ်မည်။ နောက်ဆိုဂိမ်းတွေမဆော့ဖို့ ရွှေကူဖြောင့်ဖြကြည့်ရအုံးမည်ဖြစ်တော့သည်။
"အကိုလေး မထသေးဘူးလား ၇ နာရီရှိပြီလို့"
"အကိုလေး အမေ့.."
ရွှေကူတံခါးကိုထုမည်ကြံ၍ ထုလိုက်သော်တံခါးမှာပွင့်သွားရ၍ အားလွန်ကာရွှေကူငိုက်စိုက်ကျသွားရတော့သည်။
ဟီး ...ရည်းစားလေးရှိတော့လဲ လဲမကျပဲ ရည်းစားလေးရင်ထဲတန်းနေအောင်ကျသွားသည်မို့ ရွှေကူ့မှာမနာလိုက် ရင်ခွင်ကြီးကအိ၍နေလေတော့သည်။
"အကိုလေး ဖယ်လေ..."
ရွှေကူမူနေကာ ဖယ်ဖို့မော့ကြည့်၍ပြောလိုက်တော့ အိပ်ချင်မူးတူးရုပ်လေးနှင့် အကိုလေးကငုံ့နေလေသည်။
"အော်.. ကိုယ်လွှတ်လိုက်ရင် စတွေ့တုန်းကလိုလဲသွားမှာဆိုးလို့ပါဗျာ "
"မလဲဘူးအခု ဖယ်တော့အကိုလေးအလုပ်နောက်ကျနေမယ်လေ "
"နောက်ကျလဲဘာဖြစ်လဲကွ "
"အကိုလေး.. အင့်..."
မနက်ခင်းလေးတွင် ကောင်မလေးရဲ့အသံချိုချိူလေးနှင့်အစပြုကာ နိုးထလာသည်မို့ ကွန့်မြူး၏စိတ်တို့ ကြည်လင်၍နေလေ၏။ ရင်ခွင်ထဲအသင့်ရောက်နေသည့်ကောင်မလေးကို တစ်ကိုယ်လုံးဖုံးလွှမ်းသွားအောင်ထိ တင်းကျပ်စွာ ဖက်လိုက်တော့ အင့်ဆိုသည့်အသံလေးထွက်လာသည့်အခါ ကွန့်မြူးကျေနပ်သွားရသည်။ ကောင်မလေးနဲ့ပတ်သက်ရင်လေ အကြမ်းအရမ်းကြီးမလုပ်ချင်ပေမယ့်လဲ ကိုယ်စိတ်ကထိန်းမရတော့ခက်သားပဲကွာ။
"အကိုလေး အဲ့လိုကြီးဖက်လို့မရဘူးလေ "
"ဘာဖြစ်လို့လဲ"