(Unicode)
True Love 💭❤ အပိုင်း - ၅၁ကွန့်မြူးနိုးလာခဲ့တော့ပခုံးပေါ်တွင်စောင်လေးရောက်နေပြီဖြစ်သည်။ ကောင်မလေးရဲ့ကုတင်ထက်တွင်လဲ ကောင်မလေးကမရှိတော့၍ စိတ်တော့ပူသွားရသည်။ သို့ပေမယ့် ရေချိုးခန်းမှရေကျသံကြားလိုက်ရသည့်အခါ စိတ်လေးပြန်ငြိမ်သက်၍ ကွန့်မြူးအခန်းဆီပြန်ခဲ့လိုက်၏။
ရွှေကူအခန်းထဲမှအပြင်သို့မထွက်တော့ပဲ အခန်းထဲတွင်သာ နေနေလိုက်သည်။ စိတ်ကိုအကောင်းဆုံးပြင်ဆင်နေသည်ဆိုပိုမှန်လောက်ပါသည်။ ရွှေကူ့အတွက် အိမ်မက်ဆန်သည့်အဖြစ်ကြီးကို လက်တွေ့ခံစားခဲ့ရသည်မို့ ရွှေကူဖြေးဖြေးနှင့်မှန်မှန်လေး ပြန်တွေး၍ လက်ခံနိုင်အောင်ကြိုးစားမှဖြစ်မည်။
"ကောင်မလေး"
"အကိုလေးဝင်ခဲ့လေ"
ရွှေကူပြူတင်းပေါက်ဘက်လှည့်၍ရပ်နေရင်းမှ အကိုလေးဆီကြည့်မိတော့ ရွှေကူစားဖို့ထင်ပါသည် ထမင်းနှင့်ဟင်းများကို ဗန်းတစ်ခုထဲထည့်၍ယူလာလေတော့သည်။
"ဗိုက်ဆာပြီလား"
"သိပ်တော့မဆာဘူးအကိုလေး"
"လာစားလိုက်အုံး "
ပခုံးမှတွဲ၍ခေါ်သွားသည်အခါ ရွှေကူလိုက်သွားလိုက်တော့သည်။
"အကိုလေးအလုပ်မသွားဘူးလား"
"အင်း ကိုယ်နောက်ရက်မှသွားမလို့"
"မနက်ဖြန်အလုပ်ပြန်တတ်ကြမယ်လေ ရွှေကူပျင်းလို့"
ရွှေကူ့ဆီအကြည့်စူးစူးက မယုံနိုင်စွာကျရောက်လာပေမယ့်ရွှေကူဂရုမစိုက်ပဲ ထမင်းလေးသာစားလိုက်သည်။
"တဂယ်လား"
"အွန်း "
"ဟုတ်ပြီ မနက်ဖြန်အလုပ်ပြန်တတ်ကြမယ်နော် "
အဖျားခံလေးနဲနဲရှိသေးပေမယ့် အလုပ်မှာလဲနားခိုင်း၍ရသည်မို့ ကွန့်မြူးလက်ခံလိုက်သည်။ ကောင်မလေးကို လူတွေနဲ့ပုန်းပြီးနေနေမှာကို ကိုယ်မလိုလားဘူးကောင်မလေး ဒါကြောင့်မနက်ဖြန်ပြန်ပြီးအလုပ်တတ်ကြမယ်နော်။
"ကိုယ့်ကိုဂတိတစ်ခုပေးမလား ကောင်မလေးမေမေနဲ့စကားပြောပါ့မယ်လို့"