Patr 42 💭 (U)

9K 219 3
                                    

(Unicode)
True love 💭❤ အပိုင်း - ၄၂

"ဒီက တူလေးက အရီးမြကိုသိသလားကွယ့်"

ကွန့်မြူးအဖြစ်ဟာ ရင်လေးစရာကြီးပင်ဖြစ်သည်။ ချစ်သူလေးနောက်လိုက်ခဲ့ပေမယ့် ချစ်သူလေးက မမှတ်မိသလို တစ်ခါမှကိုမတွေ့ဘူးသည့်လူလိုပင် ကြည့်နေလေသည်။

ဖုန်တောလေးထဲ ပြုတ်ကျတာ ဒီလောက်ထိပဲ ပြောင်းလဲသွားရသလားဗျာ ဟူး...။

"အရီးမြကိုတော့ မသိပါဘူးဗျ ကျွန်တော်က ဒီဘက်ကတစ်ယောက်နဲ့သိတာပါဗျ"

ဒီအသံ ဒီအသံက အကိုလေးအသံဖြစ်လေရာ ရွှေကူမျက်လုံးတွေပင်ပြူးသွားရသလို နှလုံးခုန်နှုန်းတွေလဲမြန်လာရတော့သည်။ ဘယ်လိုမှအဆက်ဆက်မရှိသည့် ဖြစ်စဉ်အစအဆုံးကိုလဲ တွေး၍ ရွှေကူမယုံနိုင်တွေဖြစ်သွားရသည်။

ဟောဗျာ နောက်ဆုံးတော့ Mask ချွတ်ပြမှရတော့မှာပါလား။

ကွန့်မြူး Mask ကို ချွတ်လိုက်ကာ စာပွဲပေါ်တင်၍ ရှေ့မှငှဲ့ထားသည့် ရေနွေးကြမ်းကို မော့သောက်လိုက်တော့သည်။

ရင်တွေပူလိုက်တာကွာ။

အကုန်လုံးက ကွန့်မြူးကို ဝိုင်းအုံ၍ ကြည့်နေကြသလို ကောင်မလေးကလဲ ပါးစပ်လေးအဟောင်းသားနှင့် အံဩစွာကြည့်နေလေသည်။ အခုတော့ ကိုယ့်ချစ်သူချောချောလေးကို မှတ်မိပြီလားကွာ။

"သမီးရွှေကူနဲ့အသိလား ဟေသမီးဟုတ်လား"

မေးလိုက်သော်လည်း သမီးရွှေကူက တုတ်တုတ်မျှမလှုပ်ပေ။

"သမီးရေ.. သမီး"

"ရှင်ဒေါ်လေး"

"ဒီတူလေးက သမီးအသိလားသမီး"

အကိုလေးကိုကြည့်လိုက်တော့ ဖုန်တွေလူးနေသည့် အင်းကျီလေးနှင့် မျက်မှာညိုးစွာပင်ရွှေကူ့ကိုကြည့်နေလေသည်။ ဘယ်လိုရောက်လာတာလဲ ဆိုတာ နောက်မှမေးရမည်။ ယခုတော့အကုန်လုံးနှင့် မိတ်ဆက်ပေးမှဖြစ်မည်။

"ဟုတ် သမီးအသိပါ"

"ဟေ  ဟုတ်လား"

ထိုလူပြောသည့်က သူ့ချစ်သူဆီလာတာဟုပင် အေးချမ်းယခုမှသဘောပေါက်သည်က ထိုလူနှင့်ရှေ့ကမိန်းခလေးဟာရည်းစားတွေဖြစ်သည်မှန်း။ ဟောဗျာ အေးချမ်းထင်လိုက်သည်က အရီးမြရဲ့ကောင်လေးလို့လေ။ သွားပါပြီဗျာ အရီးမြတော့အပျိုးကြီးဖြစ်အုံးမှာပေါ့။

True Love 💭 (Completed)Where stories live. Discover now