Part 💭 53 (U)

7.9K 229 8
                                    

(Unicode)
True Love 💭❤ အပိုင်း - ၅၃

"ဟေ့ အိပ်တော့လေ"

"မအိပ်ပါဘူးဆိုမှပဲ "

မိုက်ကြီးကိုင်ကာ ကုတင်ပေါ်ထိုင်ခိုင်း၍မရ အခန်းထဲပက်ပြေးနေသည့်ကောင်မလေးကြောင့် ကွန့်မြူးအခက်တွေ့နေရတော့သည်။ မူးသည်ကလဲ မထနိုင်​အောင်ထိမူးသည်မဟုတ်ပဲ အသိစိတ်လွတ်ရုံပြေးနိုင်ရုံဆိုတော့ ကွန့်မြူးလဲမတတ်နိုင်လိုက်၍ဖမ်ရတော့သည်။

"သီချင်းဆိုမယ် ဖွင့် ဖွင့်.."

"ဖွင့်မရဘူးကွ TV ကြီးကပျက်နေတာ "

"ဟား အစုတ်ကြီးလား "

TV ဖွင့်ဟန်ဆောင်နေသည့်ကွန့်မြူးနားလာကာ အံမယ်သူလေးကကြည့်တယ်ပေါ့။ ခေါင်းလေးစောင်းပြီး ခဏလာကြည့်လိုက်သေးဗျာ။မူးမှချစ်စရာအတော်ကောင်းနေတာကွာ။

"ဟုတ်တယ်အစုတ်ကြီး အိပ်တော့နော်"

"လွန်းငယ်တို့က အစုတ်ကြီးထည့်ထားတာပေါ့ "

"အွန်းပေါ့ ကိုဥဿာကအစုတ်ကြီးလာထားထားတာ"

"ညံ့တယ်"

"ဘယ်လို"

"ဝန် ဆောင် မှု ညံ့တယ်လို့"

ပြန်မေးကြည့်တော့ စိတ်မရှည်စွာတစ်လုံးချင်းကိုပြောပြလာသည့်အာပူကြူးလေး။ ဒါလဲသိသေးတာပဲလား။

"ဈေးလျှော့ပေးကြတာပေါ့နော့ သူ့ TV ကအစုတ်ကြီးလေ"

"အွန်း .."

"အခုတော့အိပ်တော့နော်"

"မအိပ်ပါဘူးဆို ဒီတိုင်းဆိုပြမယ်နားထောင် "

"ဟာ .."

"ထိုင်နေ"

ကိုဥဿာပေးထားသည်က VIP room တွေဖြစ်တာကြောင့်ဆိုဖာလဲပါသလို အခန်းကြီးက ကျယ်လေသည်။ အာပူကြူးကထိုင်ခိုင်း၍ ကွန့်မြူးဆိုဖာပေါ်ထိုင်လိုက်တော့ သူမလေးက ရှေ့တွင်ရပ်နေလေ၏။

"အစမေ့နေတယ် ခဏလေး ဟိုး.."

အော် TV လဲမဖွင့်ရပါဘူးကွာ။ လက်တွေတောင်ကာပြီးတားနေသေးတာ။ ခဏလောက်မိုက်လေးကိုင်ပြီး စဉ်းစားနေရင်းမှ စပ်ဖြဲဖြဲလေးပြန်ဖြစ်လာလေသည်။

True Love 💭 (Completed)Where stories live. Discover now