(Unicode)
True love 💭❤ အပိုင်း - ၄၇ရွှေကူတို့ရောက်နေသည်က Hotel တွင်မဟုတ်ပဲ လွန်းငယ်တို့၏အိမ်ကြီးတွင်ဖြစ်သည်။ လွန်းငယ်ဓာတ်ပုံတွေရိုက်ပြ၍ အိမ်ကြီးကိုရွှေကူမြင်ဖူးထားပေမယ့် အပြင်လက်တွေ့တွင်ပို၍လှလေသည်။ အိမ်၏ ဧည့်ခန်းတွင် ဓာတ်ပုံကြီးတွေချိတ်ထားသည်များ ပြောမနေပါနှင့် သိပ်ကိုလှပါသည်။
ထမင်းစားခန်းစားပွဲကြီးတွင် ဟင်းပေါင်းစုံခင်းကျင်း၍လူလေးယောက်သာရှိနေကြလေသည်။ အကိုလေးနှင့်လွန်းငယ်တို့ဟာစကားတွေပြောနေပေမယ့်လဲ ရွှေကူကတော့ဝင်မပြောဖြစ် ခရီးပန်းတာရော အကိုလေးနှင့်ပြန်မလိုက်ဖြစ်မှာဆိုးသည်ရောပေါင်း၍ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရသည်။
"ရွှေကူ ဘာဖြစ်လို့လဲ စားမကောင်းလို့လား"
"မဟုတ်ဘူးလွန်း ရွှေကူခရီးပန်းလို့နေမှာသိပ်မစားချင်လို့ "
"အဲ့တာဆို စားပြီးရင်နားလိုက်နော် "
"အွန်း အွန်း.."
ဘာမှသိပ်မစား မျက်နှာလေးညိုးနေသည့်ကောင်မလေးဟာ ကွန့်မြူးကိုလဲမကြည့်ပေ။ ကွန့်မြူးကြောင့်စိတ်ပင်ပန်းသွားသည်ထင်သည်။ ရွာမှာဟိုတစ်နေ့ကကောင်မလေးရှေ့ငိုမိသည့်အချိန်ထဲက ကွန်မြူးမျက်နှာသာအရိပ်တကြည့်ကြည့် ကြည့်နေသည့်ကောင်မလေးက အကြောင်းစုံမပြောပြ၍စိတ်ပင်ပန်းသွားသည်ထင်ပါသည်။
နောက်တော့ပြောပြပါ့မယ်ကောင်မလေးရယ်.. ကောင်မလေးရဲ့အမေကို ရှာမတွေ့သေးတော့ ကိုယ့်လိုဘေးကလူတောင်စိတ်အတော်ပင်ပန်းနေရတာ ကောင်မလေးများသိသွားခဲ့ရင် ပိုဆိုးသွားမှာကိုယ်သိတယ်။ ဒီလိုအားငယ်တတ်တဲ့ကောင်မလေးက ဘဝတစ်ကွေ့မှာ ကြီးမားဆိုးသွမ်းတဲ့အဖြစ်ဆိုးကြီးတွေကို နှစ်အတော်ကြာခံစားခဲ့ရတာလေ။ အခုအဖြစ်ပျက်ကြီးကိုလဲခံနိုင်ရည်ရှိပါ့မလားကိုယ်တွေးပူရတယ်ကွာ တော်ကြာအိပ်ယာထဲဘုန်းဘုန်းလဲသွားမှဖြင့် ခက်ရချည်ရဲ့ကွာ။
"ငါ့ညီကမနက်ပြန်ဆင်းမှာလား"
"ဟုတ်တယ်ကိုဥဿာ "
"ဒီလိုလုပ်လေ အကို့ကားယူသွားလိုက် ပြီးမှအကို့ Hotel ကိုပြန်ထားပေးထားလိုက်ပေါ့"