True Love 💭❤ အပိုင်း - ၂၂
(Unicode)ဆေးရုံဘေးကအအေးဆိုင်လေးတွင်လွန်းငယ်နှင့်ရွှေကူနှစ်ယောက်သားထိုင်နေကြတော့သည်။ ရွှေကူဘာဖြစ်မှန်းမသိသည်က အကိုလေးနှင့်ပတ်သက်လျှင် အလိုလိုရှက်တာလိုလိုပြေးပုန်းချင်တာလိုလို တစ်ခါတစ်လေအကိုလေးရှိသည့်နေရာတောင် မသွားချင်ခံစားချက်ကြီးကတစ်မျိုးဖြစ်နေလေသည်။ ဘာလို့ဆိုအမြဲအကိုလေးကိုပဲလို့ကြည့်နေမိပြီး အကိုလေးကပြန်ကြည့်လျှင်ရွှေကူရင်ခုန်မိနေလို့ပင်။
"ရွှေကူဘာတွေစဉ်းစားနေတာလဲ"
"မသိဘူးရွှေကူလဲ ဘာတွေတွေးနေမိမှန်းကိုမသိတော့ဘူးလွန်းငယ်ရယ်"
"လွန်းငယ်မေးမယ် ရွှေကူအမှန်တိုင်းဖြေ"
"ဘာများလဲလွန်းငယ်ရဲ့မေးလေ"
"ရွှေကူလူတစ်ယောက်ကိုချစ်ဖူးလား"
"အာ ဟွန့်အွန်း.ရွှေကူမချစ်ဖူးဘူး"
"လွန်းငယ်တော့ရွှေကူအချစ်တွေ့နေပြီးချစ်မိနေပြီထင်တာပဲ"
မချစ်ဖူးဘူးပြောသည့်ကောင်မလေးက မျက်နှာလေးရဲနေကာမလုံမလဲဖြစ်နေသည်မို့ လွန်းငယ်ပြုံးစိစိနှင့်ရှိနေရတော့သည်။
"ရွှေကူအချစ်ဆိုတာကြီးမသိဘူးလွန်းငယ် ပြီးတော့ရွှေကူချစ်မိနေလား မချစ်မိဘူးလားဆိုတာလဲသေချာမသိဘူး"
ဟုတ်ပါသည် ဘယ်ဟာကိုအချစ်လို့ခေါ်တာလဲရွှေကူတဂယ်ပဲ နားမလည်ချေ။
"လူတစ်ယောက်ရှိတယ်ကွာ အဲ့လူကရွှေကူ့ဘေးရောက်လာတဲ့အခါမျိုးတွေဆို ရွှေကူ့အတွက်အားအင်တွေရပြီးရွှေကူလုံခြုံသလိုခံစားရလိမ့်မယ် ရွှေကူအဲ့လိုလူနဲ့တွေ့ဘူးလားလွန်းငယ်ကိုဖြေ"
ရွှေကူလွန်းငယ်ကိုမဝဲ့မရဲလေးကြည့်၍ခေါင်းလေးငြိမ့်ပြမိတော့သည်။
"အင်း ကျန်သေးတယ်"
လွန်းငယ်ဆီတွင်နောက်ထပ်မေးခွန်းများရှိသေးသလို ရွှေကူအတွက်ဒီမေးခွန်းတွေကအသုံးဝင်သည်မဝင်သည်ရွှေကူလဲမသိတော့ပေ။
"ရွှေကူလူတစ်ယောက်ကိုသေချာကြီးလိုက်ကြည့်နေဖူးလား သူစကားပြောတဲ့အခါ သူ့အပြုမူ အမူအကျင့်လေးတွေကအစပေါ့ အဲ့လူအကြောင်းတွေးလိုက်မိတာနဲ့ရွှေကူတန်းပြီးသူနဲ့ပတ်သက်တာတွေသတိရသွားတာမျိုးလေး ပြီးတော့တွေးမိတိုင်းကြည်နူးနေသလိုလေးရော"