(Unicode)
True love ❤💭 အပိုင်း -၄၀အရင်ကလို မေမေကြီးဟာအစောအိပ်ယာထမလာသလို ရွှေကူဟင်ချက်နေသည်ကိုလဲ ဘေးမှထိုင်၍ကြည့်မနေတော့ပေ။ မေမေကြီးမသက်သာ၍ထင်ပါသည်။ ဘဘကြီးသာအောက်သို့ဆင်းလာပြီး မေမေကြီးကအိပ်နေဆဲဖြစ်သည်ဟု ဘဘကြီးကဝင်ပြောလာလေသည်။
မေမေကြီးအခန်းဆီရောက်တော့ မေမေကြီးကအိပ်နေသေးသည်မို့ မေမေကြီးနဖူးဆီကိုယ်လေးစမ်းကြည့်ရသည်။ အနည်းငယ်ပူနေသလို မေမေကြီးကသွေးတိုးလေးလဲရှိတတ်သေးသည်မို့ စိတ်တော့ပူရပါသည်။
"သမီး .."
"မေမေကြီးနိုးသွားတာလား"
"မေမေကြီးကမှိန်းနေတာလေ မေမေကြီးနေမကောင်းဘူးထင်လို့လား"
"ဟုတ်"
"မေမေကြီးဘာမှမဖြစ်ပါဘူးကွယ် သမီးစိတ်မပူနဲ့နော်"
ဒေါ်မာထထိုင်လိုက်ကာ သမီးဖြစ်သူကိုကြည့်မိတော့ မျက်နှာလေးငယ်နေရှာလေသည်။
"သမီးသွားလေ သမီးဘဘကြီးထမင်းစားတော့မယ်ထင်တယ် လုပ်ပေးလိုက်အုံးနော် မေမေကြီးမျက်နှာသစ်ပြီးလိုက်လာခဲ့မယ်"
"ဟုတ် "
စကားနားထောင်သည့်သမီးက အခန်းထဲမှထွက်သွားလေသည်ကိုကြည့်၍ ဒေါ်မာစိတ်မကောင်းဖြစ်နေရတော့၏။ မေမေကြီးစိုးရိမ်မိတယ်ကွယ် မေမေကြီးဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုစီစဉ်ရမလဲ မေမေကြီးလဲ လမ်းပျောက်နေပါပြီကွယ်။
မနက်စာစားသော်လည်း မာမီဟာဆင်းမလာ ဒယ်ဒီနှင့်အတူထမင်းစားသော်လည်း ဒယ်ဒီကစကားမပြော ဒီအတိုင်းသာနေနေလေသည်။ ကောင်မလေးကလဲ ထမင်းဝင်မစား ထမင်းပွဲပြင်ပြီး၍ ခြံထဲထွက်သွားလေတော့၏။
ကိုယ်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတာ မှားနေလို့လားကွာ ကိုယ်တို့ကအချစ်စစ်နဲ့ချစ်နေကြတာလေ ဘာလို့မာမီကလက်မခံနိုင်တာလဲကွာ။
မနက် ၉ နာရီလောက်တွင်တော့ အိမ်ရှိလူကုန်လေးယောက်လုံးဟာ ဧည့်ခန်းတွင်ထိုင်၍ရှိနေကြလေသည်။ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်နေကြသည်မှာ ကွန့်မြူးနှင့်ကောင်မလေးသာဖြစ်ပြီး မာမီနှင့်ဒယ်ဒီကတော့ မျက်နှာတွေတည်နေလေ၏။ ခက်ထန်ပါသည်။ လေထုအခြေနေဟာလဲ မုန်တိုင်းကျရောက်မည့်အလား ညို့မှိုင်းနေသည်ကို ကွန်းမြူးတို့မိသားစုလေးယောက်သာသိပါသည်။ ကောင်မလေးကြောက်အောင်လို့မာမီရာ ဘာလို့အဲ့လိုကြီးနေနေတာလဲဗျာ။