Part 💭 21 (U&Z)

11.5K 313 2
                                    

True love 💭❤ အပိုင် - ၂၁
(Unicode)

ရွှေကူရောက်ပြီးတစ်နာရီလောက်ကြာမှ လွန်းငယ်နှင့် မမဖြူငယ်တို့ရောက်လာလေတော့သည်။  လွန်းငယ်တို့သားမိကဖက်၍ငိုနေကြသလို ကိုယ်ဆီတောင်းပန်၍ဝန်ခံနေကြသည့်အခါရွှေကူပါလိုက်၍ငိုမိတော့သည်။ လွန်းငယ်တို့မိသားစုလေးကိုဒီလောက်နွေးထွေးမယ်လို့မထင်ခဲ့မိဘူးလေ။ ရွှေကူလဲဒီလိုမိဘနှစ်ပါးရှိနေရင်ကောင်းမှာပဲနော်။

ပြန်ပြေလည်နေသည့် မိသားစုလေးအား လူများစွာက ဘေးတွင်ဝန်းရံ၍ကြည့်နေကြသည်။ အရင်က စိတ်မချမ်းမြေ့ဖွယ်ပူဆွေးသောကတွေ ပြည့်နေသည့်အခန်းလေးထဲ ယခုတော့ပျော်စရာလေးတွေ ပြည့်နေခဲ့ပြန်လေသည်။

"လွန်းလေးမမတို့ပြန်တော့မယ်နော် သားလေးရှိသေးလို့လေ"

"ဟုတ်မမ လွန်းငယ်ကြောင့်မမတို့စိတ်ပူသွားရပြီမမရယ် "

"ရပါတယ် ညီမတွေပဲကို "

"အန်တီ့သမီးတို့ပြန်တော့မယ်နော် နောက်နေ့မှပြန်လာလည်တော့မယ်နော် မေမေကလဲအန်တီဆီလာနေပြီတဲ့ ခဏနေရောက်တော့မှာ"

"အေးပါကွယ် ကျေးဇူးတင်ပါတယ်သမီးရယ်"

"ဟုတ်ရပါတယ်အန်တီရယ် "

မမဖြူငယ်နဲ့အကိုခွန်းစေရာနဲ့ပြန်သွားလေတော့သည်။ မေမေနှင့်အတော်ကြာ စကားတွေပြောပြီးမှရွှေကူ့ကိုသတိရလေတော့သည်။ ခဏနေမှောင်တော့မှာပဲ။

"ရွှေကူ ပြန်နားတော့လေ မအိပ်ရသေးဘူးမို့လား ပြန်နားတော့လေနော် "

"အင်း လွန်းအဲ့တာဆိုရွှေကူပြန်မယ်နော်"

"လိုက်ပို့ပေးမယ်လေ"

"ရပါတယ် ရွှေကူဆိုင်ကယ်ပါတယ် "

"ရွှေကူကညကလဲမအိပ်ရသေးဘူး ဆိုင်ကယ်နဲ့ဆိုတော့စိတ်မချပါဘူးနော် ဦးရောလိုက်ခဲ့နော် ရွှေကူကိုလိုက်ပို့ရအောင်လို့လေ"

"အင်းခလေး"

"မေမေ့ ခဏလေးနော်ရွှေကူ့ကိုလိုက်ပို့လိုက်ချင်လို့"

"အင်းသမီး သမီးလေးရွှေကူကျေးဇူးပါကွယ် "

"ရပါတယ်အန်တီရဲ့ ဦးလေးသမီးပြန်ပြီနော်"

True Love 💭 (Completed)Where stories live. Discover now