Extar 💭 2 (U)

14.8K 284 4
                                    

(Unicode)
True Love 💭❤ Extra 2

ညအမှောင်ကြီးရွာသို့ရောက်သွားပေမယ့်လဲ ရွာထဲထိန်လင်းနေသည့်မီးများကြောင့် ရွှေကူ့မှာအထူးအဆန်းဖြစ်နေရသည်။

"အကိုလေး"

ရွှေကူ့ဘက်က မေးဖို့စကားလုံးမစ အပြုအမူလေးနှင့်မေးလိုက်တော့ အကိုလေးဘက်ကခေါင်းငြိမ့်ပြလေတော့သည်။ ဒါတွေထိလိုက်ပြီး ရွာကိုလုပ်ပေးထားတာတဲ့လားအကိုလေးရယ်။ ရွှေကူဖြင့်ယုံတောင်မယုံနိုင်ဖြစ်သွားရသည်။

"ရှေ့ဆက်မောင်းအုံးကောင်းမြတ် "

"အကိုလေး ဘယ်ကိုသွားနေတာလဲဟင် ဒေါ်လေးအိမ်ကကျော်သွားပြီလေ "

ရွှေကူလှည့်၍ပြောလိုက်တော့ အကိုလေးကပြုံး၍ ရွှေကူ့ခေါင်းကိုလာပုတ်လေတော့သည်။

"ခဏလေးပဲနော်အာပူကြူး ရောက်တော့မယ်"

မျက်လုံးဝိုင်းလေးကိုကြည့်၍ဆိုလိုက်တော့ နားမလည်ဟန်နှင့်အာပူကြူးကရှိနေလေသည်။

"ရှေ့ကကားရပ်ထားတဲ့အိမ်လားကွန့်မြူး"

"ဟုတ်တယ်ကောင်းမြတ်"

ရွှေကူဖြင့်မျက်စိကိုတဂယ်လည်နေပြီဖြစ်သည်။ အရင်ကဒီနေရာက ရွာသားတွေတစ်ခါတစ်လေဘောလုံးကန်တတ်သည့် ဦးလေးသာဒင်၏မြေနေရာကြီးမဟုတ်လား။

"ကဲ ရောက်ပြီဗျာ"

"အကိုလေး ဒါက..."

"ကိုယ့်တို့အိမ်လေ"

"ရှင်...ဒီတိုက်ကြီးက "

"ဟုတ်တယ် ကိုယ်တို့အိမ်ပါဆိုကွာ လာ အိမ်ထဲသွားမယ်"

နှစ်ထပ်တိုက်ကို သိပ်ပြီးဟိန်းမနေပေမယ့်လဲ အတော်အသင့်ကြီးလေသည်အထိဆောက်ထားလေသည်။ ရွှေကူတို့ရွာထဲတော့အကြီးဆုံးအိမ်ဖြစ်မည်။ မီးထိန်ထိန်လင်းနေသည့်ဤအိမ်ကြီးသည် ရွှေကူတို့အိမ်ကြီးတဲ့လားအကိုလေးရယ်။

အိမ်ထဲရောက်သည်နှင့် မီးထိန်ထိန်လင်းနေသည့်အပြင်အဆင်နှင့် ရောက်ရှိနေသည့်လူများကြောင့် ရွှေကူမျက်လုံးပြူးသွားရပြန်သည်။ ခမ်းနားသည့်အပြင်အဆင်နှင့်အတူ အိမ်အပြည့်လူများဟာ ဆူညံ့၍နေလေတော့သည်။ မေမေတို့ရယ် မေမေကြီးတို့ရယ်နှင့်အတူ ​မမဖြူငယ်တို့အဖွဲ့အကုန်လုံးရော ဒေါ်လေးတို့ရောရွာထဲမှလူတစ်ချို့ရောက ခုံတွေမလောက်၍ အခင်းကြီးခင်းကာ ထိုင်နေကြခြင်းဖြစ်သည်။

True Love 💭 (Completed)Where stories live. Discover now