Part 💭 25 (U&Z)

12.8K 308 14
                                    

True love 💭❤ အပိုင် - ၂၅
(Unicode)

ရွှေကူ့ကိုမေမေကြီးကအင်္ကျီဆိုင်တွေထိခေါ်သွား၍ အင်္ကျီများစမ်းဝတ်ခိုင်းသော်လည်း ရွှေကူစိတ်မပါသည်ကြောင့်အတင်းငြင်းပယ်နေမိသည်။ ဘာကြောင့်ဆိုရွှေကူမမလေးပြောသည့်စကားများကိုသာ ကြားယောင်နေ၍ဖြစ်တော့သည်။

"သမီးလေးကဒါလေးနဲ့လိုက်လိုက်တာကွယ် ကြည့်ပါအုံးချစ်စရာလေး"

"တိုနေသလားလို့မေမေကြီး"

"မတိုပါဘူးသမီးရဲ့ အပေါ်လေးကလဲမရိုင်းဘူးအောက်လေးလဲချစ်စရာကောင်းအောင်လေးပဲပေါ်တာ "

မေမေကြီးကအတင်းပြော၍ စမ်းဝတ်ကြည့်သည့်အင်းကျီလေးက ဆင်ဆွယ်ရောင်ဝမ်းဆက်လေးဖြစ်လေသည်။ ဒူးအထက်လေးတွေင်ရှိနေသည်ကြောင့် ရွှေကူမလုံ့တလုံစကပ်လေးကိုအတင်းဆွဲချ၍ နည်းနည်းရှက်နေရတော့သည်။ အင်္ကျီလေးကအတော်လေးလှပါသည် သို့ပေမယ့်စကပ်တိုနေသည်ကခက်ပါသည်။ အတိုတစ်ခါမှမဝတ်ဖူးသည့်ရွှေကူမှာ မှန်လေးထဲတွင်ပေါ်နေသည့်ကိုယ့်ပုံစံလေးကိုကြည့်၍ နည်းနည်းတော့ကျေနပ်မိသွားတော့သည်။ ရွှေကူနှင့်လိုက်သည်ဟုထင်ရပါသည် ဘာလို့ဆိုကွက်တိလေးကိုဖြစ်လို့နေသည်ကြောင့်လေ။

ဘာပဲဖြစ်ဖြစ်ဒီအင်္ကျီလေးကို အကိုလေးရှေ့ဝတ်ပြလျှင်ရွှေကူ့ကို နည်းနည်းလောက်ပဲဖြစ်ဖြစ်သဘောကျလောက်မလားဟုတွေး၍ ကျိတ်ပြုံးနေမိတော့သည်။

ရွှေကူကမြူစွယ်ချင်လို့မဟုတ်ပါဘူးအကိုလေးရယ် လှသည်ဟုပြော၍နဲနဲလေးအသိအမှတ်ပြုခံရမလားလို့ပါ။

"ကောင်မလေးဒီနေ့ဘယ်သွားသေးလဲ"

"မေမေကြီးနဲ့အပြင်သွားသေးတယ်အကိုလေး"

ကွန့်မြူးသိထားပြီးဖြစ်သော်လည်းတမင်ပင်မေးလိုက်ခြင်းဖြစ်ပါသည်။

"ကိုယ့်ကိုဘာလို့ကြိုမပြောတာလဲ"

"ရွှေကူဖုန်းဆက်လိုက်ရင်အကိုလေးအနှောက်ယှက်ဖြစ်မှာဆိုးလို့ပါ"

"အင်းထားပါတော့ ဘယ်တွေသွားခဲ့တာလဲ"

"အန်တီချိုရဲ့စိန်ဆိုင် ပြီးတော့ Family Center ဝင်ပြီးဈေးဝယ်ထွက်ခဲ့သေးတယ်"

True Love 💭 (Completed)Where stories live. Discover now