True love 💭❤ အပိုင် - ၃၂
(Unciode)"ကောင်မလေးသက်သာလားဟင် ဘယ်လိုနေသေးလဲ"
"မင်းဟာကလဲ ဖျားနေတာကအဖျားကြီးတယ်လေကွာ ခုဆေးထိုးခုပျောက်တော့ဟုတ်မလားကွ တစ်ရေးလောက်အိပ်ပြီးမှသက်သာမှာပေါ့ဟ"
"သိပါတယ်ဗျာ ကျွန်တော်ကစိုးရိမ်လို့မေးမိတာကို အဲ့ဆေးတွေကဘာလို့အာနိသင်ချက်ချင်းမပြတာလဲဗျ ချက်ချင်းဖျားတာပျောက်မယ့်ဆေးလေးဘာလေးမရှိဘူးလား"
ရွှေကူ့လက်ကိုကိုင်ထားကာ ရုပ်တည်ကြီးနှင့် အကိုခေါင်လွင်မိုးကိုမေးနေသည့် အကိုလေးကြောင့် ရွှေကူမျက်လုံးလေးမှိတ်ထားမိတော့သည်။
"ဟ ..ငါ့ဆရာဝန်သက်တစ်လျှောက်လုံး အဲ့ဆေးမတွေ့ဘူးသေးဘူး တအားပျောက်ခိုင်းချင်တဲ့ကောင်နဲ့တော့တွေ့ပြီ ငါသိုင်းတတ်ရင်လဲကောင်းသား အတွင်းအားတွေနဲ့ကုပေးလို့ရရင်ကုပေးခဲ့ပြီ အခုလိုနားညီးတာထိမခံဘူး"
ကွန့်မြူးရယ်ချင်နေပေမယ့်လဲ အောင့်ထားမိတော့သည်။ ကိုခေါင်လွင်က ဒီလောက်ထိဆက်ဆက်ထိမခံမှန်း အခုမှပဲသိတော့သည်။
"ကျေးဇူးပါပဲဗျာအိမ်ထိလာပေးလို့"
"မလိုပါဘူးကွာ နေ့လည်လောက်ဆိုအဖျားကျသွားလိမ့်မယ် မင်းလဲစိုးရိမ်လွန်မနေနဲ့အုံး "
ကွန့်မြူးခေါင်းညိမ့်ပြလိုက်တော့သည်။
"ရွှေကူကကိုယ်ခံအားကျနေလို့ပါ အဓိကကတအားမပိုနဲ့ပေါ့ကွာ ငါအခုတလောတွေ့နေရတာတွေကမဟုတ်သေးဘူးကွ ဟိုအတွဲကြည့်လဲကဲကဲသဲသဲ ဒီအတွက်ကြည့်လဲပိုပိုတွေနဲ့ ငါ့ကိုသတ်သေချင်အောင်များတမင်လုပ်နေကြသလားထင်ရတယ် "
"ဟား ဟား.. ကျွန်တော်တို့ကအတွဲတော့မဖြစ်သေးပါဘူးဗျ ဒါပေမယ့်ကိုခေါင်လွင်မနာလိုနေတာတော့သေချာတယ် "
"ငါကဘာမနာလိုစရာရှိလဲ မြင်ရတာတွေအဆင်မပြေတော့စိတ်ညစ်လို့ကွ"
"ထားပေါ့ဗျာ ဒီအရွယ်ပဲရောက်နေပြီချစ်ရမယ့်ကောင်မလေးမရှိတာတော့ normal မဟုတ်သေးဘူးလေဗျာ"
"တော် တော်.. ငါ့အသက်လာမထိခိုက်နဲ့ဟေ့ကောင် "
"ကျွန်တော့်အကူညီလိုရင်လဲပြောနော် ကိုယ်တိုင်မစွံတော့ရင်လဲ ကူညီသင့်ကူညီမှာပေါ့ဗျ"