Part 💭 18 (U&Z)

11.6K 315 0
                                    

True love 💭❤ အပိုင် - ၁၈
(Unicode)

ရွှေကူသီချင်းလေးငြီး၍ ဆိုင်ကယ်လေးရေဆေးနေလိုက်သည်။ အသုံးမပြုတော့သည့်ဆိုင်ကယ်လေးက ဖုန်လေးတွေတတ်နေလေသည်​။ ရွှေကူ့ဆိုင်ကယ်လေးကို ပစ်ထားမိသလိုဖြစ်သွားပါသည်ကြောင့် ရေသေချာဆေး၍ချော့ရပေအုံးမည်။ မဟုတ်လျှင်သူစိတ်ကောက်တာနှင့်ရွှေကူ နောက်ကျအမြဲ ဆိုင်ပို့ပြီးဆေးကုနေရမှဒုက္ခလေ။

အသံလေးလဲဖွင့်ဟမဆို နှုတ်ခမ်းလေးပိတ်၍ညည်းတွားနေသည့်ကောင်မလေးကို  ဝရံတာအပေါ်ထပ်မှကြည့်ရုံနှင့်အားမရ၍ အောက်သို့ဆင်းလာကာ ခုံပုလေးယူ၍ကွန့်မြူးနောက်မှထိုင်ကြည့်နေလိုက်တော့သည်။ မင်းလေးနဲ့ပတ်သက်ရင်လေကိုယ်ကအဲ့လိုပဲ ရှက်ရကောင်းမှန်းမသိတဲ့အထိ မင်းလေးကိုလိုက်ကြည့်နေမှာဖြစ်သည်။

"အမလေး.. "

ရွှေကူဒီဘက်မှဆေးပြီး၍ ဆိုင်ကယ်၏တစ်ခြားတစ်ဖက်ကိုသွားဆေးရန်သွားလိုက်တော့အကိုလေးကိုပြူးပြူးကြီးတွေ့ရလေတော့သည်။

"အကိုလေးဘာထိုင်လုပ်နေတာလဲဟင်"

"ဘာမှမဟုတ်ပါဘူးပျင်းလို့လာထိုင်နေတာ"

ဒါဆိုရွှေကူသီချင်းညည်းနေတာကြားသွားတာပေါ့လေ။

"အကိုလေးဂိမ်းမဆော့ဘူးလား"

ပျင်းရင်ဂိမ်းဆော့နေပေါ့လေ။ ဒီကောင်မလေးပြန်မပြောရဲ၍သာနေနေပုံ တစ်ချက်တစ်ချက်ပြောလိုက်ပုံများ မကြည်သလိုကြည်သလိုနှင့် ကွန့်မြူးကိုပြောပြောနေလေသည်။

"မဆော့ဘူးပျင်းလို့ "

ဟော့တော့ ရွှေကူဆိုင်ကယ်ရေဆေးနေတာကိုကျတော့ပျင်းလို့လာကြည့်တာပြောပြီး အခုတော့လဲပျင်းလို့ဂိမ်းမဆော့ဘူးပြောပြန်လေသည်။

"ဆေးလေ အဖော်နေပေးမယ်"

"ရွှေကူတစ်​ယောက်ထဲလဲရပါတယ် အကိုလေးအိမ်ထဲဝင်နေလေ"

"မနေဘူးဒီမှာပဲနေမလို့ "

ပြောမရသည့်အခြေနေမလို့ရွှေကူလဲ မသိချင်ယောင်ဆောင်ကာဆိုင်ကယ်လေးသာဆက်ဆေးလိုက်တော့သည်။

True Love 💭 (Completed)Where stories live. Discover now