TrueTrue love 💭❤ အပိုင် - ၁၉
(Unicode)"ဝင်ကားထဲ"
"ရွှေကူ့ဆိုင်ကယ်လေး"
"လူပါတစ်ခါထဲဝဲလွှတ်ပစ်စေချင်နေတာလားရွှေကူ"
ရွှေကူငိုချင်နေပေမယ့်လဲ မငိုမိအောင်ထိန်း၍ ကားထဲမဝင်ပဲပေရပ်နေလိုက်သည်။ရွှေကူအကိုလေးကိုကြောက်ရသော်လည်း အခုနေကားထဲဝင်လိုက်လျှင်ရွှေကူ့ဆိုင်ကယ်လေး သူများတွေမသွားကြတော့မှာပေါ့။
"ရွှေ..ကူ.."
"ရွှေကူ့ဆိုင်ကယ်လေးမထားခဲ့ချင်ဘူး"
"တောက်.. စိတ်တွေကြည်နေတာမဟုတ်ဘူးနော်ရွှေကူ "
မျက်ရည်ဝိုင်းလေးနှင့် ပေကပ်ရပ်၍ ကွန့်မြူကိုကြည့်ကာ အသနားခံနေလေသည့်ကောင်မလေးကြောင့် ခက်ရပြန်သည်။
"စိတ်ရှည်မှုကိုစမ်းနေတာပေါ့လေ ဟုတ်လား အေး ဒီကကောင်ကလဲအဲ့တာမျိုးမှကြိုက်တာ ဒီမှာပဲနေနေ"
"အကိုလေး"
"ဘာလဲဆိုင်ကယ်သွားယူပေးမလို့ ဘာဖြစ်လဲပြော.."
ရွှေကူခေါင်းခါပြလိုက်တော့ ဒေါသတကြီးနှင့် ထွက်သွားသည့်အကိုလေးပုံစံက ရယ်ရခက်ငိုရခက်ဖြစ်နေလေသည်။ လဲကျနေသည့်ဆိုင်ကယ်လေးကို အကိုလေးကပြန်မထူ၍ ရွှေကူ့ဘေးသို့တွန်းလာလေတော့သည်။ ရွှေကူဆိုင်ကယ်လေးကိုလက်လှမ်းလိုက်သည့်အခါ လက်ကိုဖျက်ခနဲအကိုလေးကရိုက်ချလိုက်တော့သည်။
"ဘာလဲ စီးသွားချင်သေးတာလား ဒီလောက်ငါစိတ်တိုပြနေတာတောင် ရွှေကူမင်းရယ်စရာထင်နေတာလားဟုတ်လား"
"အကိုလေး "
ရွှေကူ့လက်ကိုတင်းတင်းကျပ်ကျပ်ပြန်၍ဆုတ်ကိုင်ဆွဲလာသည်ကြောင့် ရွှေကူလက်လေးနာသွားရတော့သည်။
"ဘာလို့ရုန်းနေတာလဲ ငါမင်းကိုဘာလုပ်ရသေးလို့လဲရွှေကူ "
"ရွှေကူနာတယ်အကိုလေးရဲ့ "
နာတယ်ပြောမှလွှတ်ပေးလိုက်တော့မီးရောင်တွေကြား သူမလက်ကောက်ဝတ်လေးကရဲတာနေလေသည်။ ကိုယ်ကစိတ်ပူသွားလို့ပါကွာ။ ဆိုင်ကယ်ထောက်အမြန်ထောက်၍ ကောင်မလေးလက်ကိုဆွဲယူ၍သေချာကြည့်လိုက်တော့သည်။