True Love 💭❤ အပိုင်း - ၃
(Unicode)သူမလေးရေချိုးနေထဲက ကွန့်မြူးအကုန်ပြင်ဆင်ပြီးပြီဖြစ်သည်။ ကိုယ့်ကြောင့်မဟုတ်ပေမယ်လဲ ကွန့်မြူးမနေ့ကဖြစ်သွားသည့်ကိစ္စကို စိတ်မကောင်းဖြစ်နေမိသည်။ စမြင်လိုက်ကထဲက ခေါ်ထုတ်ခဲ့ရမှာကို လူကြားထဲထိ ရန်စနေသည့်ကောင်တွေလက်ထဲရောက်သွားသည်အထိ ရပ်ကြည့်နေခဲ့မိ၍ကိုယ့်ကိုလဲအပြစ်တင်ရသည်။ မိန်းခလေးဆို သူငယ်ချင်းလိုနှမလိုမျိုးခင်ရမည့် အသိတွေမရှိသည့်ကွန့်မြူးမှာ ထိုကောင်မလေးကိုတော့ခင်နေမိသည်။ ဘယ်လိုပဲပြောပြော ကိုယ့်မျက်စိရှေ့မှာတော့ သူမလေးထိခိုက်လို့မရဘူး အဲ့လိုဖြစ်အောင် ကိုယ်ခွင့်မပြုဘူးကွာ။
"သားအစောကြီးပါလား"
"ဟုတ်တယ်မာမီ ဟိုဟိုဘက်ခြံကကောင်မလေးနဲ့အတူသွားမလို့ "
"ကောင်းတာပေါ့သားရယ် သားနဲ့ဆိုတော့မာမီစိတ်ချရတယ်"
"မာမီကသူ့ကိုစိတ်ပူသေးတာလား"
"ပူတာပေါ့ ဒီလောက်အဝေးကြီးကိုဆိုင်ကယ်နဲ့ဆိုတော့စိတ်ပူတာပေါ့သားရယ် "
"ကျွန်တော်တွေ့တာတော့ မာမီသူ့ကိုအတော်ချစ်တာနော် "
"ချစ်တာပေါ့ မာမီကရွှေကူလေးကိုမွေးစားချင်တာ ရွှေကူလေးကလက်မခံလို့"
"သူကလား"
"ဟုတ်ပါ့တော် ရွာပြန်ပြီးအဒေါ်တွေနဲ့အတူနေမှာတဲ့လေ"
ကွန့်မြူးခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်ရင်း Coffee ခါးခါးတစ်ခွက်ကိုသောက်နေလိုက်သည်။
"သားသိလား ရွှေကူလေးကအဲ့အိမ်မှာမပျော်ဘူးနဲ့တူတယ်"
"ဘာဖြစ်လို့လဲမာမီ ကျွန်တော်ကြည့်ရတာတော့အဆင်ပြေတယ်ထင်တာပဲ"
"သားမသိသေးလို့ပါ မထူးမြတ်ကရွှေကူလေးကိုသဘောမကျဘူးသားရဲ့ ဟိုတစ်လောက ကားတိုက်မှုဖြစ်သွားသေးတာသားသိတယ်မလား"
"ထူးခန့်ပြောပြဖူးတယ်မာမီ တစ်ဖက်ကကိုမာဝင်သွားတယ်ဆိုတာလား"
"ဟုတ်ပါ့တော် အဲ့ကားတိုက်မှုကမထူးမြတ်ကတိုက်လိုက်တာလေ ရွှေကူကဘေးမှာပါတော့ တစ်ဖက်ကမိသားစုကို ရွှေကူလေးတိုက်တာပါဆိုပြီးပြောပြီးတောင်းပန်ခိုင်းတာသားရဲ့"