(Unicode)
True love 💭❤ အပိုင်း - ၄၈"ကျန်တာဘာမှမသိခဲ့ဘူးလားသားရယ်"
"ဟုတ်တယ်မာမီ ဘာမှမသိခဲ့ရဘူး"
"ရှာလို့တော့ရမှာပါ အဲ့ခေတ်က လူချမ်းသာကခပ်အရှားရှားလေကွယ်"
"ဒယ်ဒီ့အသိတွေထဲတော့မရှိဘူးကွ မာ့အသိတွေထဲရောရှိလားမာ ပန်းမြိုင်ဆိုပြီးမိန်းခလေးသူငယ်ချင်းရောမရှိဘူးလား"
"မကြားဖူးဘူးကိုရဲ့ နေပါအုံးခေါင်းအေးအေးနဲ့စဉ်းစားကြည့်ပေးမယ် အသိတွေထဲလဲမေးကြည့်တာပေါ့"
"မာမီဘယ်လိုပြောပြီးမေးမှာလဲ ကောင်မလေးမိဘတွေလို့ပြောမလို့လား"
"နင့်မာမီအဲ့လောက်မအပါဘူးသားရယ် ငယ်သူငယ်ချင်းပေါ့အဆက်သွယ်ပြတ်သွားလို့သိရင်ပြောပေးပေါ့ နည်းလမ်းတွေရှိပါတယ်သားရယ်"
"ဒီဒယ့်အသိရော မင့်ဖိုးဖိုးအသိရောရှာကြတာပေါ့ကွာ လက်မလျှော့ပါဘူး"
"ဖိုးဖိုးကိုပြောရင်တော့သိလောက်မလားပဲနော်ဒယ်ဒီ ကောင်မလေးရဲ့ဖွားက ဖိုးတို့ခေတ်ကလူဆိုတော့ ဖိုးသိလောက်တယ်ထင်တယ်"
"အဲကိစ္စဒယ်ဒီမေးလိုက်မယ် မင်းလဲပင်ပန်းလာတယ်မလား သွားနားတော့သွား.."
"ကျွန်တော်က ကားရောင်းတဲ့နေရာတွေသွားရှာချင်သေးတာ မနားတော့ဘူးဒယ်ဒီရာ "
"သားရယ်အဲ့ခေတ်က car showroom တွေကမရှိလောက်တော့ဘူးလေကွယ် "
"အစကနေပြန်လိုက်တာပေါ့ဗျာ ဒီည ကျွန်တော် ကုမ္ပဏီမှာပဲအိပ်မှာ အိမ်ပြန်မအိပ်တော့ဘူးမာမီ"
ကားသော့ဆွဲကာ ပြန်ထွက်မည်လုပ်နေသည့်သားကြောင့် ဒေါ်မာထရပ်၍ သားအနားသွားလိုက်သည်။
"သမီးလေးဖျားနေတယ်လေသား သားဒီတစ်ညအိမ်မှာနေပါအုံးလား ပြီးတော့မင်းလဲခရီးပန်းလာတယ်လေသားရယ်"
"မနေတော့ဘူးမာမီ ဒီကစ္စက အမြန်ပြီးမှဖြစ်မှာ ကောင်မလေးကို ကြည့်ပြောထားလိုက်နော်မာမီ သွားပြီ"
သားတော်မောင်ကြောင့် သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ပြန်ရောက်ခါစကလဲသမီးနဲ့စကားပြောနေလို့သာ သူ့မှာငြိမ်နေရတာဖြစ်ပြီး သမီးလဲအိမ်ပေါ်တတ်ပြီးနားရော အကြောင်းစုံကို မျက်စိမျက်နှာပျက်စွာနှင့်ရှင်းပြလာသည့်သားပါလေ။ သူ့မှာသမီးလေးကို သနားလှသည့်ဆိုသည့်စကားကို တွင်တွင်ပြော၍ သမီးရဲ့မိဘတွေကို ရှာဖို့သာလောနေလေသည်။ အခုလဲကြည့် သမီးအိပ်တာနဲ့ ချက်ချင်းအပြင်ထွက်ဖို့ပြင်နေသည့်သားက ဒီညလဲပြန်မအိပ်ဘူးတဲ့လေ သားတော့ညလုံးပေါက်တဲ့ထိနေနေတော့မှာ ဒေါ်မာမြင်ယောင်မိပါသည်။