Extra - 1 (U)

10.5K 240 2
                                    

(Unicode)
True Love 💭❤ Extra 1

အရင်ကဆိုအစောနိုးမနေတတ်သည့်ကွန့်မြူးမှာ ယနေ့လေးတော့အစောကြီးနိုးနေလေတော့သည်။ ရင်ခွင်ထဲကိန်းအောင်း၍အိပ်နေသူလေးကြောင့်ပဲလား အာပူကြူးလေးကိုပိုင်ဆိုင်ရ၍ပဲလားတော့မသိ အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်တစ်ညလုံးလဲကောင်းကောင်းအိပ်မပျော်ပဲ အပျော်လွန်နေရသည်။ လက်မောင်းတွင်ကျင်၍နေသည်တောင်နေရာမရွေ့ အိပ်နေသူလေးနိုးမည်ဆိုး၍ ကျိတ်မှိတ်ခံနေသည်မှာလဲ အတော်တောင်ကြာပြီဖြစ်သည်။

ချစ်ဒုက္ခဘယ်ဟုတ်မလဲဗျာ ဒီလိုလေးနေရဖို့ကို မက်မောစွာနှင့်အတော်လေးစောင့်ခဲ့ရသည်မဟုတ်လား။

ချစ်လွန်း၍ အရူးအမူးရူးခဲ့ရသူကြီးဖြစ်လို့ အသေးအဖွဲလေးတွေကအစ အရမ်းကြီးတွေးပြီး ချစ်မိနေသည့်ကွန့်မြူးအဖြစ်မှာ ပိုများနေပြီလားလဲမသိတော့ပေ။
သေချာတာတော့ ပိုမယ်မထင်ပါဗျာ လိုတောင်လိုနေသေးသည်မဟုတ်လား။

အေးမြလိုက်သည့်မျက်နှာလေး အိပ်နေပုံလေးကလဲ ချစ်စရာလေး။

မျက်တောင်ရှည်ရှည်လေးရယ် ကွန့်မြူးကိုဖက်၍အိပ်နေပုံလေးရယ် ခြေထောက်လေးတစ်ဖက်ပါကွန်းမြူးပေါင်ပေါ်ပစ်တင်ထားပုံလေးရယ် အမလေးဗျာ ဒီလောက်ချစ်စရာကောင်းသည့်ကောင်မလေးကို မချစ်ပဲတစ်စက္ကန့်လေးတောင်ဘယ်နေနိုင်ပါ့မလဲဗျာ။

ဘာမှမဘာရသေးတဲ့အဖြူထည်လေးက မင်္ဂလာဦးညအတွက် ကွန့်မြူးကိုကြောက်သည်တဲ့လား။

ဒီအလည်လေးကတော့လေ လက်တော့ထပ်တယ် မင်္ဂလာတော့မဦးချင်ဘူး ဂတိသစ္စာလေးနဲ့ချုပ်နှောင်ပြီး သူလေးဆိုးနေပုံးလေးကိုလဲ အပြစ်မမြင်ရက် လည်လွန်းလှ၍အချစ်တောင်ပိုနေရသေးသည်ဗျာ။

ကဲ အခုတော့ဒီအဆိုးလေးက အနည်းငယ်လှုပ်ကာ ဟိုဘက်လေးကိုစောင်း၍ နေရာတွေပြင်အိပ်နေပြီတောင်ဖြစ်သည်။ အေးလေစောသေးတာကိုး အလွန်ဆုံးရှိမှ မနက် ၅ နာရီလောက်ပေါ့။ ဒီကကောင်ကြီးကသာအပျော်တွေလွန်ပြီး အိပ်မရဖြစ်နေတာမဟုတ်လား။

ရွှေကူနိုးလာတော့ အကိုလေး၏ရင်ခွင်ထဲတွင်ရောက်နေခြင်းဖြစ်သည်။ ရွှေကူနိုးနေကျအချိန် ၆ နာရီလောက်မို့ပုံမှန်နိုးနေပေမယ့် နိုးလာလာခြင်းယခုလိုနီးကပ်နေသည့်အထိတွေ့ကြောင့် လူကကျင့်သားမရ ရင်တွေတောင်ခုန်နေမိသည်။ တစ်ဒိတ်ဒိတ်နှင့်ခုန်လာသည့်ရင်ခုန်သံနှင့်အတူ အကိုလေးကိုမော့ကြည့်မိတော့ မျက်ခုံးထူထူ မျက်နှာချောချောကြီးနှင့် အိပ်ပျော်နေသည်ကိုတွေ့ရသည်။

True Love 💭 (Completed)Where stories live. Discover now