True Love 💭❤ အပိုင်း - ၇
(Unicode)ကိုကိုကြီးကို ကုတင်ပေါ်ထိုင်ခိုင်းလိုက်တော့ ရွှေကူ့လက်တွေကိုဆွဲထားလေသည်ကြောင့် ရွှေကူတုန်ယင်စွာကြောက်စိတ်တွေဝင်နေရပြီဖြစ်သည်။ ဆေးလိပ်မီးမရှိပေမယ့် တစ်ခြားပုံစံတွေနှင့်လဲရိုက်နှက်တတ်သည်မို့ ရွှေကူကိုကိုကြီးကိုမကြည့်ရဲပေ။
"ရေခပ်ပေးမလား ကိုကိုကြီးရေဆာလို့"
"ဟုတ်"
ရွှေကူ ကိုကိုကြီးအခန်းရဲ့ခုံလေးပေါ်က ရေကရားအိုးလေးထဲမှ ရေတွေဖန်ခွက်ထဲထည့်၍ ကိုကိုကြီးဆီပေးလိုက်သည်။ အခန်းအတွင်းရောပြင်ပရော တိတ်ဆိတ်နေချက်က ကိုကိုကြီးရေသောက်သံသာ နားထဲကြားနေရပြီး အကုန်တိတ်ဆိတ်၍နေလေသည်။
"ကိုကိုကြီးဖန်ခွက်"
"ဟင်.."
ဖန်ခွက်ကိုမပေးပဲ ရွေကူ့လက်ကိုဆွဲထားသည့်ကိုကိုကြီးကို ရွှေကူမယုံနိုင်စွာကြည့်လိုက်သည်။ ကိုကိုကြီးကရီဝေဝေကြည့်၍ မွေ့ယာပေါ်ဖန်ခွက်ကို ပစ်ချလိုက်လေသည်။
"ကိုကိုကြီး အမေ့ ..."
ရွှေကူ့ကိုယ်လေး ကုတင်ပေါ်ကိုကိုကြီးဘေးထိုင်ရက်သားဖြစ်သွားလေတော့သည်။
"ရူး... တိုးတိုး"
ရွှေကူအသံမထွက်ရဲတော့ပေ။ ကိုကိုကြီးကစကားနားမထောင်ရင် ရိုက်တတ်တယ်မလား။
"လက်ခလေးကသေးသေးလေးပဲ"
"ဟင့်..."
"ဘာလုပ်ရသေးလို့ငိုနေတာလဲ "
ရွှေကူ့လက်ကိုကိုင်ထားကာ ပွတ်သပ်နေသည်ကြောင့်ရွှေကူမျက်ရည်တွေဝိုင်းလာရသည်။ ယောက်ကျားလေးမပြောနှင့် မိန်းခလေးတောင်ရွှေကူ့လက်ကို ဒီလိုမျိုးကိုင်ဖူးသည်မဟုတ်ပေ။ ကြောက်ပါသည်။
"ဘာလိုလိုနဲ့ ဒီအရွယ်ထိရောက်လာပြီပဲ"
ရွှေကူ့ပခုံးတွေထိ ပွတ်သပ်လာသည့်လက်တွေကိုရွှေကူပခုံးလေးတွန့်၍ ဖယ်ပစ်လိုက်သည်။ ကိုကိုကြီးကအခုရွှေကူ့ကို ဘယ်လိုတွေပြုမူနေတာလဲ။
"ကိုကိုကြီးရွှေကူ့ကိုအခန်းပြန်ခွင့်ပြုပါနော် "
"No ..."