True Love 💭❤ အပိုင်း - ၁၄
(Unicode)"အကိုလေး.."
"ခဏလေးပဲ"
ကွန့်မြူးနောက်မှီခုံလေးတွင်မှီ၍ ပြောပြနေသူကောင်မလေးဆီသွားရောက်၍ ခုံဘားလေးပေါ်ထိုင်ကာ ကောင်မလေးကိုရင်ခွင်ထဲထွေးပိုက်ထားလိုက်တော့သည်။ ဒါကကောင်မလေးကိုနှစ်သိမ့်တာလား ကိုယ်တိုင်ပဲစိတ်မကောင်းရလွန်းလို့ ဖြေဖျောက်နေမိတာလားကွန့်မြူး ဝေခွဲရခက်လှသည်။
"ရွှေကူဘာမှမဖြစ်ပါဘူး"
"ဒါပေမယ့်ကိုယ်ဖြစ်တယ်လေ "
"ဟွန်.."
"ဘာလို့ကောင်မလေးကိုကိုယ်အစောမတွေ့ခဲ့တာလဲကွာ "
"ရွှေကူအဆင်ပြေပါတယ်ဆို"
"ခဏလေးပါပဲကွာ ခဏလေးပဲ"
မဟုတ်ဘူးအစောထဲကတွေ့နေကြတာ။ ဒါပေမယ့်ကိုယ်အဲ့အချိန်ကအရမ်းဆိုးတေပြီးသောင်းကျန်းခဲ့တော့ ကောင်မလေးလာတဲ့အချိန်တွေဆိုကိုယ်အိပ်ပျော်နေပြီလေ။ အဲ့အချိန်တွေကများသိခဲ့ရင် ကိုယ်အခုလိုပဲအနားခေါ်ထားမိမှာ။ မင်းလေးကိုအဲ့အိမ်ကြီးကဆွဲထုတ်ပြီး ကိုယ့်ဘေးအပူအပင်မရှိတဲ့ဘဝမျိုးလေးပေးမိမှာ။ အခုကကိုယ်နောက်ကျသွားပြီထင်ပါရဲ့ စိတ်ဒဏ်ရာတွေအပြည့်နဲ့ကောင်မလေးက အခုထိအကြောက်တရားတွေစိုးမိုးနေတုန်းလေ။
အကိုလေးရဲ့ရင်ခွင်ကျယ်ကြီးထဲ ရွှေကူလှုပ်မရအောင်နစ်ဝင်နေလေသည်။ အကိုလေးကသဘောရိုးနှင့်သနားလို့ဖတ်ပေမယ့် ရွှေကူကတော့အနည်းငယ်ရှက်စိတ်လေးတွေဝင်နေရတော့သည်။ အကိုလေးလိုပြီးပြည့်စုံတဲ့လူက တရင်းတနှီးဖက်ထားမှတော့ ရွှေကူရှက်တာအဆန်းတော့မဟုတ်ပါဘူးလေ။ နွေးထွေးလွန်းသည်ထက် ရွှေကူ့ကိုနားလည်ပေးမည့်လူဆိုသည့်အသိကြောင့် ရွှေကူ့ရင်ထဲနွေးထွေးသွားရတော့သည်။ အကိုလေးသိလားရွှေကူဒီအိမ်ရောက်ထဲက ဘဝမှာအပျော်ရဆုံးအချိန်တွေပိုင်ဆိုင်ခဲ့တာ။ ရွှေကူအခုလိုပျော်ရွှင်လာရတာ အဓိကအကိုလေးကြောင့်ပေါ့။ ရွှေကူ့ကိုစည်းတွေဘောင်တွေမထားပဲ ဆူစရာရှိလျှက်ဆူလိုက် အလိုလိုက်သည့်အခါအလိုလိုက်နှင့် ဟောကြည့်ဝမ်းနည်းနေတဲ့အချိန်တွေလဲ ရွှေကူ့ကိုနှစ်သိမ့်ပေးသေးသည်မဟုတ်လား။ အမှန်ုဆိုမေမေကြီးတို့ထက် အကိုလေးကိုပိုအားကိုးပြီး ပိုခင်တွယ်မိနေပါသည်။