Part 💭 23 (U&Z)

10.7K 310 10
                                    

True love 💭❤ အပိုင် - ၂၃
(Unicode)

"သူကဘယ်သူလဲအန်တီ "

ရာရာရောက်သည့်အချိန်ထဲကမေးချင်နေပေမယ့် စကားကောင်းနေ၍မေ့သွားခြင်းကို ယခုအအေးလာချပေးသည့်အချိန်တွင်တော့မနေနိုင် မေးလိုက်သည်။

"ဒါကအန်တီ့သမီးလေ ရွှေကူလို့ခေါ်တယ်နာမည်လေးက"

"အန်တီ့သမီးဆိုတော့..."

"မာမီမွေးစားထားတာ"

"အော် .."

ရွှေကူ့ကိုစုံဆန်ကြည့်၍ထိုကောင်မလေးက ရယ်ပြလေသည့်အခါရွှေကူပါရယ်ပြလိုက်တော့သည်။

"ကိုကိုတို့ကရာရာမရှိတုန်းညီမအသစ်တောင်ရနေပြီပေါ့လေ"

"ရာရာကကိုယ့်ညီမမှမဟုတ်တာ "

"ဟာ.."

"အရှုပ်ထုတ်လေ အမြဲအရှုပ်တွေပဲပေးနေတာရာရာက"

"တွေ့လားအန်တီ ကိုကိုတို့ကပြောင်းလဲနေချက်ပဲ ရာရာ့ကိုများအရှုပ်ထုတ်တဲ့"

အကိုလေးနဲ့စနောက်နေသည့်ကောင်မလေးက ချစ်စရာလေးဖြစ်သလိုမေမေကြီးတို့နှင့်လဲအသိတွေမို့ ရွှေကူအနည်းငယ်အားငယ်ရသွားရတော့သည်။ ရွှေကူ့လိုပုံတုံးကြီးကအကိုလေးကောင်မလေး ဖြစ်နိုင်ပါမတဲ့လားရှင်ရယ်။

"ဟေ့.. ငါ့နာမည်မှတ်ထားအုံးနော်အပြည့်စုံက ဒေစီရာလို့ခေါ်တယ် ကိုကိုတို့အန်တီတို့ခေါ်သလိုရာရာလို့ပဲနင်ကခေါ်ပေါ့"

ရွှေကူအနားစွေ့ကနဲလာထိုင်ကာပြောလာသည့်သူမကို ရွှေကူခေါင်းငြိမ့်ပြလိုက်သည်။

"နာမည်လေးကလှတယ်သိလား လူကလဲလှပါရက်နဲ့အပြည့်စုံမလှသေးသလိုပဲကူကူက "

"ဟွန်"

"ရာရာ့လိုအဖျားစွတ်ခေါ်တာလေ အဲ့လိုပဲခေါ်မယ်နော်ကူကူလို့"

"ဟုတ်ရပါတယ်"

"အဲ့လိုတလေးတစားကြီးမပြောနဲ့လေ ရာရာတို့ကရွယ်တူလောက်ပဲကို "

"အွန်း အွန်း"

"ခဏလေး..ဒီမျက်မှန်ကြီးချွတ်ကြည့်ပါလား ရာရာကြည့်ပေးမယ်လှမလှ"

"ရွှေကူကမျက်မှန်မပါရင်မမြင်ရဘူး"

"အခုခေတ်ကမျက်ကပ်မှန်လေးတွေခေတ်စားနေတာကို ဒီမျက်မှန်ကြီးတပ်မှဖြစ်တာလဲမဟုတ်ပဲနဲ့ ပေး..ကြည့်ပေးမယ်"

True Love 💭 (Completed)Where stories live. Discover now