(Unicode)
True Love 💭❤ အပိုင်း - ၄၉အကိုလေးဆီသို့ Coffee ခွက်လေးယူလာပေးကာ အကိုလေးရှေ့ကခုံလေးတွင်ရွှေကူထိုင်လိုက်တော့သည်။
"အကိုလေး "
"ဗျ .."
"ရွှေကူညနေ မမဖြူငယ်တို့ဆီသွားချင်လို့"
"သွားလေ ကိုယ်လိုက်ပို့ခိုင်းလိုက်မယ်"
"မမေးတော့ဘူးလားဘာလုပ်မှာလဲလို့"
"ကောင်မလေးကိုယုံပြီးသား မဟုတ်တာမလုပ်မှန်းလဲကိုယ်သိတယ် ပြီးတော့ဖြူငယ်တို့ဆီဆိုတော့ ကိုယ်ပိုစိတ်ချတာပေါ့"
အကိုလေးစကားလေးကြောင့် ရွှေကူကြည်နူးရပြန်သည်။
"ဘယ်အချိန်လဲကိုယ့်ကိုပြော ကိုယ်စီစဉ်ပေးမယ် "
"ရုံးဆင်းမှပဲလေ အကိုလေးကဒီနေ့လဲနောက်ကျမှာမလား"
"ဒီတစ်ပတ်တော့ကိုယ်နောက်ကျအုံးမယ်ကွာ နောက်တစ်ပတ်လောက်ဆိုပုံမှန်အတူပြန်ကြမယ်နော် ဟုတ်ပြီလား"
"ဂတိပေးမှာလား"
"ပေးမှာပေါ့ဗျာ"
"လာဂတိ"
မျက်မှန်လေးပင့်ကာ လက်မလေးနှင့်လက်သန်းလေးကိုထုတ်၍ ဂတိလေးတောင်းနေသည့်ကောင်မလေးကြောင့် ကွန့်မြူးဂတိလေးပေးလိုက်တော့သည်။ ဒီတစ်ပတ်ထဲမှာ ရှာတွေ့ဖို့တော့မျှော်လင့်ရတာပဲကောင်မလေးရယ်။
"မမ "
"ဝေ့"
"မမကိုမေးကြည့်မလို့ မနက်ကလူတွေစုံနေတာ ဘာပြောနေကြတာတဲ့လဲမမ"
"မမလဲမသိဘူးရွှေကူရယ် ကိုကြီးကအလုပ်ကိစ္စပဲတော့ပြောတာပဲကျန်တာလဲမပြောဘူး"
"တူတူပဲမမ ဦးကလဲလွန်းငယ်ဘယ်လိုမေးမေးအလုပ်ပဲပြောတာ "
"ရွှေကူလဲမေးကြည့်တယ် ဘာမှမပြောဘူးအကိုလေးက "
"မဖြစ်နိုင်ဘူးနော်မမ အလုပ်က နယ်ပယ်တွေလဲမတူကြဘူးလေ ဦးက Hotel line ကိုကြီးခွန်စေရာက Center line ဖေကြီးမွေးစားသားဆိုဆရာဝန်လေ ကြည့်ကျန်တဲ့လူတွေလဲသူ့နယ်ပယ်နဲ့သူမတူကြဘူးလေ "
"ဟုတ်တယ်မမရဲ့ အလုပ်ကိစ္စတော့မဟုတ်တာသေချာတယ် ဘာတွေတိုင်ပင်ပြီးဆွေးနွေးနေကြတာလဲမသိဘူး မရိုးလောက်ဘူးမမ"