True Love 💭❤ အပိုင်း - ၁၃
(Unicode)"စားလေ ဘာဖြစ်လို့လဲစားမကောင်းလို့လား"
တို့စိတို့စိလုပ်နေသည့်သူမလေးက ထမင်းတွေလဲမလျှော့ဟင်းတွေလဲထည့်မစားပေ။
"မဟုတ်ပါဘူး ရွှေကူဗိုက်မဆာလို့"
"နောက်မှကျစားတာတောင်မဆာဘူးလား အဆာလွန်သွားတာလား"
"ရွှေကူ Coffee သောက်ထားတာ အဲ့တာဗိုက်မဆာလို့အခု"
အဆာလွန်သွားသည်ထင်၍ ပြာပြာသလဲမေးလိုက်ပေမယ့် ဖြေလာသည်က coffee ကြောင့်တဲ့ဗျာ။
"ထမင်းစားချိန် Coffee သောက်ရမယ်လို့မင်းကိုဘယ်သူပြောလိုက်လဲ "
"တိုးတိုးကဖျော်ပေးမယ်ဆိုလို့သောက်လိုက်တာ သောက်လို့ကောင်းတယ်အကိုလေးရဲ့ "
အခုကဆူနေပါတယ်ဆိုမှ သူလေးကcoffee သောက်ကောင်းကြောင်းအချွန်းဖောက်နေလေသည်။
"စားထမင်း အစာမရှိရင်အားနည်းလိမ့်မယ်"
မဆာပါဘူးဆိုအတင်းစားခိုင်းနေသည့်အကိုလေးကြောင့် ရွှေကူထမင်းတစ်ဇွန်းစားလိုက်သည်။ ဘယ်လိုမှဆက်စားမရသည့်အဆုံး ပန်ကန်ရှေ့တွင်မေးတင်၍မှီနေလိုက်တော့သည်။ အကိုလေးထမင်းစားနေသည်ကိုရွှေကူ့မှာ နီးလိုက်ဝေးလိုက်နှင်အိပ်ချင်နေသည်ကြောင့် နှစ်ထပ်သုံးထပ်တွေတောင်မြင်နေရပြီဖြစ်သည်။
ကွန့်မြူးဗိုက်ဆာနေသည်ကြောင့် ခဏလေးမကြည့်မိလိုက်တာ ကောင်မလေးကအိပ်ပျော်လို့နေပြီဖြစ်သည်။ ထမင်းပန်းကန်ကြီးရှေ့တည့်တည့်ထားတာ လက်ပေါ်မေးတင်၍အိပ်နေပုံများ ခလေးတစ်ယောက်သဖွယ်ဖြစ်လေသည်။ ထမင်းမစားချင်တာအတင်းကျွေး၍ ဆန္ဒပြပြီးအိပ်နေတာပေါ့လေ။ ဘာလဲ အသက်က ၂၀ရော ဟုတ်ပါအုံးမလား။
အသံမထွက်အောင်တိတ်တဆိတ်ခေါ်၍ ပန်ကန်တွေသိမ်းခိုင်းကာကွန့်မြူး Coffee တစ်ခွက်မှာ၍ ဖုန်းသုံးရင်းအိပ်ပျော်နေသည့်ကောင်မလေးနိုးအလာကို စောင့်နေလိုက်သည်။ သို့ပေမယ့်လဲဖုန်းဆီအာရုံမရ မျက်မှန်တွေရွှဲ့စောင်း၍ အိပ်နေသည့်ကောင်မလေးဆီသာ အကြည့်တို့ခဏခဏရောက်နေရသည်။ ကိုယ်ကပဲစောင့်နိုင်မလား ကောင်မလေးကပဲအိပ်နိုင်မလားကြည့်ရသေးတာပေါ့ကွာ။