Part 💭 15 (U&Z)

11.8K 269 8
                                    

True Love 💭❤ အပိုင်း - ၁၅
(Unicode)

မေမေကြီးတို့က အပြင်သွားကြ၍အိမ်ကြီးထဲတွင် အကိုလေးရယ်ရွှေကူရယ်သာရှိတော့သည်။ ရွှေကူကနမ်းမိလိုက်၍ အကိုလေးကိုရင်မဆိုင်ရဲသလို ကိုယ်တိုင်လဲရှက်မိနေသည်ကြောင့် ရွှေကူအကိုလေးကိုမတွေ့ရဲပေ။ ထမင်းဟင်းကမေမေကြီးကချက်ခဲ့သည်​​မို့ ရွှေကူအိမ်ပြန်ရောက်ကထဲက ခဏသာအပြင်ထွက်ပြီး အခန်းထဲတွင်သာ အောင်နေမိသည်။ ယခုည၇နာရီတောင်ထိုးပြီဖြစ်သည်မို့အပြင်မထွက်ချင်လဲ အကိုလေးထမင်းစားရန်ပြင်ပေးရမည်မို့ ရွှေကူအခန်းအပြင်ထွက်လိုက်တော့သည်။

ဆိုဖာပေါ်ထိုင်နေသည့်အကိုလေးရဲ့ကျောပြင်ကျယ်ကြီးကိုရွှေကူ လှေခါးပေါ်မှဆင်းလာထဲကမြင်နေရသည်။ အကိုလေးသိလား အကိုလေးကိုနမ်းမိတဲ့အချိန်ကစပြီး ရွှေကူအကိုလေးအကြောင်းတွေးမိတိုင်း ရင်တွေလေးနေရတယ်ဆိုတာ။ ရွှေကူတို့ကမောင်နှမတွေမို့လား အနေအထိုင်ဆင်ခြင်ရမယ်လေအဲ့တော့။ သို့ပေမယ့် ရွှေကူ့စိတ်တွေဘာဖြစ်နေရတာလဲ ဘယ်ယောက်ကျားလေးကိုမှမနမ်းဖူးသည်ကြောင့် အကိုလေးကိုနမ်းမိတဲ့အခိုက်တန့်လေးကို ရွှေကူစိတ်စွဲပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာများလား။ အိမ်၏လှေကားထစ်တွေကအရမ်းမများပေမယ့် ရွှေကူ့အတွေးတွေကဟိုးအဆုံးထိရောက်သည်အထိ အတွေးနယ်ကျွံရလောက်အောင်အချိန်တွေရနေခဲ့ပါသည်။

"ဘာဖြစ်လို့လဲထိုင်လေ"

"အကိုလေးထမင်းစားတော့မလားရွှေကူပြင်ပေးမယ်လေ"

ကွန့်မြူးဖုန်းယူ၍နာရီကိုကြည့်လိုက်သည်။

"7 နာရီဆိုစားနေကျပဲ စားမယ်လေ"

"ဟုတ်"

ကွန့်မြူးကိုတစ်ချက်မကြည့် ချာကနဲလှည့်ထွက်သွားလေသည့်ကောင်မလေးကဘာဖြစ်နေမှန်းတော့မသိ ကွန့်မြူးကိုရှောင်နေသည်တော့အမှန်ပေ။

"နေ့လည်ကကိစ္စကြောင့်များလား..."

"ကောင်မလေးရောမစားဘူးလား"

"ရွှေကူမဆာလို့မေမေကြီးတို့ပြန်လာမှစားမလို့"

"မာမီတို့က ၁၀ နာရီလောက်မှပြန်လာမှာလေကွာ လာတစ်ခါထဲစားစောင့်မနေနဲ့"

True Love 💭 (Completed)Where stories live. Discover now