(Unicode)
True Love 💭❤ အပိုင်း - ၅၂"လွန်းငယ်ညကျရင်လာမယ်မလား "
"လာမှာပေါ့ရွှေကူရဲ့"
"တော်သေးတာပေါ့"
တစ်ဖက်ကရွှေကူ့အသံကိုပြတ်သားစွာကြားရသည်မို့ လွန်းငယ်စိတ်ပူတာလေးလျှော့သွားရသည်။
"ရွှေကူအဆင်ပြေရဲ့လား "
"ပြေပါတယ်လွန်းရဲ့ ရွှေကူအလုပ်မှာရောက်နေပြီ လွန်းပျင်းရင်လာလည်လေ "
"ဦးအားရင်လာခဲ့မယ်နော် အခုဦးကအစည်းဝေးလုပ်နေလို့"
"အွန်းအွန်း.. လွန်း "
ဖုန်းလေးချလိုက်တော့ အနားတွင်ထိုင်နေသည့်အကိုလေးက ရွှေကူ့ကိုပြုံး၍ကြည့်နေလေသည်။
"ဘာဖြစ်လို့လဲ ရွှေကူ့မျက်နှာမှာတစ်ခုခုရှိလို့လား"
"မဟုတ်ပါဘူး အာပူကြူးလေးကိုကြည့်မဝလို့"
"အာ ..အကိုလေး "
ရှက်သွားသည့်ချစ်မဝလေးက လက်ဖျားလေးနှင့်လှမ်း၍ရိုက်လာသည့်အခါ ကွန့်မြူးရှောင်မနေပဲ ရင်ဘက်ကြီးထိုးခံပေးလိုက်သည်။
အချစ်တွေနဲ့ရိုက်တာပဲ ရှောင်စရာလားကွာ ပြေးပြေးပြီးကိုတွေ့အုံးမှာ။"ရွှေကူသွားတော့မယ်နော် "
"ဟာ အလုပ်ကိုလာခိုင်းတာက အလုပ်လုပ်ဖို့မဟုတ်ဘူးလေကွာ "
"နောက်များနေတာလားအကိုလေး "
မျက်နှာလေးကပြုံးလျှက်မေးလာသည့်အခါ ကွန့်မြူးကောင်မလေးလက်ကိုဆွဲ၍ ထိုင်နေသည့်ကွန့်မြူးပေါင်ပေါ်ထိုင်ခိုင်းလိုက်တော့သည်။
"နားနားနေနေ နေပါကွ ဘာအလုပ်မှမလုပ်သေးနဲ့အုံး ကိုယ့်အနားမှာပဲနေပြီးထိုင်နေဟုတ်ပြီလား"
"ရွှေကူအဆင်ပြေပါတယ်ဆို "
"အဆင်ပြေလဲနားနေပါအုံးဆိုကွာ အလုပ်မရှိရင်ကိုယ့်ကိုကြည့်နေ "
"ဟွန်.."
"ကိုယ့်ရဲ့ဟော့ဒီကချောမောတဲ့မျက်နှာကိုတစ်ခုချင်းစီလိုက်ကြည့် "
အကိုလေးကသူ့ကိုယ်သူမေးဖျားကိုလက်နှင့်ပွတ်ပြ၍ သူချောမောကြောင်းပြောလေသည်။