Part 💭 36 (U&Z)

9.5K 248 0
                                    

True love 💭❤ အပိုင်း - ၃၆
(Unicode)

"ကောင်မလေး ကောင်မလေးလို့"

လက်ကိုအကိုင်မခံ လက်လေးနှစ်ဖက်ကိုပိုက်၍ လမ်းလျှောက်နေသည့်ကောင်မလေးက ကွန့်မြူးကိုစိတ်ဆိုး၍နေလေတော့သည်။ ဂါဝန်ဝဲဝဲလေးနှင့် ခြေလေးစောင့်ကာ အရုပ်မလေးကျလို့ လမ်းလျှောက်နေပုံများ ချစ်စရာကောင်းလိုက်ပါဘိကွာ။

"နောက်တစ်ကားကြည့်ကြမယ်လေကွာနော် "

ရွှေကူကားနားလေးရောက်သည်နှင့် ခြေလှမ်းတွေရပ်ပစ်ကာ နောက်မှအကိုလေးဘက်လှည့်လိုက်ပြီး ခြေလေးစောင့်ချလိုက်တော့သည်။

"ရွှေကူကအဲ့မင်းသားကြိုက်လို့ပါဆိုနေ"

"ဘယ်လို ဘယ်လို.. မင်းသားကြိုက်လို့ဟုတ်လား"

"အွန်း.."

"တိန် ..."

အကိုလေးကနှုတ်မှတိန်ဟုပြောလာသလို လက်ကလဲရွှေကူ့ခေါင်းကိုလာထုလေသည့်အခါ ရွှေကူ့နောက်သို့လန်သွားရပေမယ့် လဲတော့မကျသွားပေ။ အကိုလေးက အသာလေးထုသည်မို့ ရွှေကူနာလဲမနာသွားပေ။

"အဲ့ဇာတ်ကားမပြောနဲ့ အဲ့မင်းသားကားလဲနောက်ဆိုမကြည့်ရတော့ဘူး"

"ဟွန်.."

မျက်လုံးပြုံးလေးများနှင့် ကြည့်လာသည့်ကောင်မလေးက စိတ်ဆိုးနေပုံတော့မရတော့ပေ။ သို့ပေမယ့်လဲ စိတ်ဆိုးနေသူက ကောင်မလေးမဟုတ်တော့ပဲ ကွန့်မြူးတစ်ဖန်ပြန်ဖြစ်သွားပြီဖြစ်တော့သည်။

"ကိုယ်တစ်ယောက်လုံးရှိနေတာကိုအဲ့မင်းသားကိုကြိုက်တယ်လို့ပြောရဲတဲ့သတ္တိလေးကြိုက်တယ်ကွာ"

ရွှေကူ့ကိုခေါင်းစောင်းကြည့်၍ ပြောလာသည့်အကိုလေးက ရွှေကူ့ဘေးလွယ်အိတ်လေးကိုလွယ်ထားကာ ခြေတန်ရှည်တွေနှင့်ကြည့်ကောင်းလွန်းလှသည်။

"ဘယ်လိုလဲ အဲ့​မင်းသားနဲ့ကိုယ်နဲ့ဘယ်သူကပိုချောတယ်လို့ထင်လဲ"

"အဲ့မင်းသားကချောတာပေါ့လို့"

"ဟား ..ဟုတ်ရဲ့လားကွာ သေချာကြည့်ပါအုံးကွဒီအနေထား ဒီပုံစံနဲ့ကိုလေ"

True Love 💭 (Completed)Where stories live. Discover now