Part 💭 54 (U)

8.5K 201 5
                                    

(Unicode)
True Love  အပိုင်း - ၅၄

"အဟမ်း .."

"အဟွတ် အဟွတ်.."

"သားဘာဖြစ်လို့လဲ အအေးမိလို့လား"

"မဟုတ်ဘူးမာမီ မနေ့ကမြင်မိတာတွေကထူးဆန်းနေတော့ လန့်သလိုဖြစ်နေတာအခုထိ"

ကွန့်မြူးဆီ မျက်စောင်းလှလှလေးတစ်ချက် ဒိုင်းကနဲရောက်လာလေသည်။

"သားဘာမြင်လိုက်လို့လဲ"

"ထူးဆန်းထွေလာပဲ မထင်ထားတဲ့အဖြစ်ပျက်ကြီးမာမီရာ သဲထိတ်ရင်ဖိုဇာတ်ကားကြီးကျလို့"

"ပြောပြစမ်းပါသားရယ် သိချင်လို့"

"ဒါတော့ပြောပြလို့မရဘူးမာမီရ top secret "

"မင်းဟာက မပြောပြပဲနဲ့သိချင်အောင်လာလုပ်နေတယ်"

"ဒယ်ဒီကလဲ top secret ပါဆို"

ရွှေကူရယ်မေမေရယ် ဘဘကြီးရယ် မေမေကြီးရယ် အကိုလေးရယ် ၅ ယောက်သား ဇာတ်ကားကြည့်နေကြသည်ကိုထပြောသည်ကြောင့် ရွှေကူ့မှာမလုံမလဲဖြစ်နေရတော့သည်။ အကိုလေးကတော့ ရွှေကူ့ကိုပြုံးပြုံးကြီးကြည့်၍ လာကလိနေလေသည်။ အန်တီမေတို့သိသွားရင်ရှက်စရာကြီးကို ဟွန်း။

ရွှေကူတို့ TV ကြည့်အပြီး ကိုယ်စီအခန်းပြန်ကြသည့်အခါ အကိုလေးကကပ်တိုးလေးပြောသွားလေသည်။ ဝရံတာကိုလစ်တာနှင့်လာခဲ့ဖို့တဲ့လေ။ ရွှေကူလဲ အိပ်ခန်းဆီရောက်သည်နှင့် ခဏစောင့်၍ ဝရံတာဘက်ကူးလိုက်လာသည်။

"အကိုလေး "

"ကိုကိုလို့ခေါ် "

"မခေါ်ဘူး"

"ဟား .."

ကွန့်မြူးချောင်ပိတ်မေးတာတောင် မခေါ်ဘူးပြန်ပြောသည့်အာပူကြူးလေးက သတ္တိတွေရှိနေတာပေါ့လေ။

"အစောကဘာလုပ်တာလဲပြော တဂယ်ကြီးပြန်ပြောရင်စိတ်ဆိုးပစ်မှာနော်"

"ခင်ဗျားလေးစတဲ့ဇာတ်က ကျွန်တော်မျိုးအတွက်တော်တော်နဲ့အရှိန်မသေဘူးလေဗျာ ဘာတဲ့ကိုက်ချင်တာဆိုတာ "

"အကိုလေးနော်"

"ဟားဟား .."

"တိုးတိုးရယ်ပါ ကြားသွားရင်နှင်ထုတ်ခံနေရမယ်နော်"

True Love 💭 (Completed)Where stories live. Discover now